ချစ်ခြင်းထာဝရတိုင်စေသော်(၃၀)

559 63 6
                                    

"သခင်... air ticketစီစဉ်ပြီးပါပြီ... အလုပ်တွေက Julieဆီ အားလုံးလက်လွှဲပြီးပါပြီ... ခရီးစဉ်က ဒီအတိုင်းလုပ်လိုက်ပါတယ်"

စားပွဲခုံပေါ် တင်ပေးထားသည့် ခရီးစဉ်အတွက် အစီအစဉ်စာရွက်တွေ တစ်ထပ်ကြီး ရှိလေသည်။

"Off...ခင်ဗျား ဆုံးဖြတ်ပြီးပြီပေါ့"

"အင်း... ဘာလဲ အကောင်ပေါက်က မပျော်ဘူးလား"

"မေးစရာ လိုသေးလို့လား ခင်ဗျား ဘယ်သွားသွား ကျွန်တော်က လိုက်ပြီးသားပဲ"

"သခင်လေး တစ်ခုခုရွေးပါလား"

ခုံပေါ်က စာရွက်တို့ကို ကောက်ယူပြီး စိတ်ဝင်တစား ကြည့်နေသည်က လွန်ခဲ့တဲ့ နှစ်(၄၀)ကအတိုင်း တည်တည်ငြိမ်ငြိမ်ပင်... ဘဝတစ်ခု ပြောင်းခါနီးတိုင်း ခရီးထွက်ခြင်းဖြင့် အမှတ်တရတွေ ဖန်တီးကြသည်။နှစ်(၄၀)ပြည့်တိုင်း အမြဲတမ်း လူသားတို့၏ မျက်ကွယ်သို့ တဖန်ပြန်လည် ထွက်ခွာကြရအုံးမည်။ ဒါကလည်း မိမိတို့ ဆုံးဖြတ်ထားသည့် အချိန်ယန္တရားပင် ဖြစ်သည်။

"ဒါတွေ ထားလိုက်တော့... Off "

ခရီးသွား အစီအစဉ်စာရွက်တို့ကို ပစ်ချလိုက်ပြီး Offကို လှမ်းခေါ်လေသည်။

"ဒါ က သခင်လေး ဒါ"

Willက အံ့သြတကြီးဖြင့် စာရွက်တို့ကို လက်ညှိုးထိုးကာ နှုတ်ထွက်စကားတို့ ရပ်တန့်သွားလေသည်။ ဒီလို စီစဉ်နိုင်ဖို့ Willမှာ တစ်ပတ်လောက် အလုပ်တွေ ရှုပ်နေခဲ့တာလေ။ အခုတော့ သခင်လေးက မသွားချင်ဘူးတဲ့လား။

"အကောင်ပေါက်လေးက ဘယ်လို လုပ်ချင်လို့လဲ"

"ဌာနချုပ်ကို ပြန်ကြမယ်"

"ဟမ်..!!"

Willနှင့်Offမှာ တအံ့တသြ။

"ကျွန်တော်တို့ မပြန်တာ ကြာလှပြီလေ... ဦးလေးငယ်ကိုလည်း သတိရတယ်"

သခင်လေးရဲ့ စကားကြောင့် Willနှလုံးသားလေး တဆတ်ဆတ် တုန်သွားလေသည်။ သူလည်း တစ်ယောက်သောသူကို လွမ်းလှပြီ။ မပြန်ဖြစ်တာ နှစ်(၁၀၀)ကျော်ပြီ မဟုတ်ပါလား။

"အကောင်ပေါက်က ပြန်ချင်တယ်ပေါ့"

"အင်း Domတို့ Neoတို့ရော ဘယ်လိုနေကြမလဲ မသိဘူး"

Vampire and his blood bag (Completed)Where stories live. Discover now