ပူးပေါင်းကြံစည်ခြင်း(၁၇)

622 78 10
                                    

လခြမ်းကွေးလေး၏ အလင်းရောင်က ကမ္ဘာမြေကို တက်နိုင်သလောက် အလင်းစွမ်းအင်တို့ ဖြန့်ကျက်ကာ သူရဲ့တာဝန်ကို ကျေပွန်စွာ ထမ်းရွက်နေသည်။

ညရောင်အောက်တွင် လူခြေတိတ်နေသည်ကို အခွင့်ကောင်းယူကာ အရိပ်မဲတချို့က ဟိုမှဒီမှ ခုန်ပျံကာ အဆောက်အဦးတစ်ခုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပါတော့သည်။

ထိုအဆောက်အဦး၏ ကောင်တာတွင် ငွေစာရင်းကိုင်တစ်ယောက်မှာ မေးကိုလက်ထောက်ပြီး ကောင်တာကိုမှီကာ ငိုက်မြည်းနေလေသည်။ သို့ပေမဲ့လည်း ခိုးဝင်လာသူတို့၏ သွက်လက်လျင်မြန်မှုကြောင့် စိုးစဉ်းမျှပင် မသိလိုက်ချေ။

"ကျွီ!!!!"

တံခါးကို ခိုးဖွင့်လိုက်ပေမဲ့ အရိပ်မဲတို့ မထင်ထားလိုက်တာက အခန်းထဲရှိ စားပွဲခုံတွင် လူနှစ်ယောက်က အသင့်စောင့်ကြိုနေလျှက် အနေအထား ဖြစ်နေသောကြောင့် ဖြစ်သည်။

"ကြိုဆိုပါတယ်"

"ဟက် ဒါကြောင့်လည်း ခင်ဗျားက နာမည်ကြီး တောင်ပိုင်းသခင်ကြီးဖြစ်နေတာပဲ"

"အာာာ မခံယူဝံ့ပါဘူး အမှောင်သခင်ကြီး"

မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်တော့ Gloveမှ စကားစလာသည်။

"ဘယ်လိုအကြောင်းကြောင့်များ ရှိလို့ ကိုယ်တိုင်လာရတာလဲ အမှောင်သခင်ကြီး"

"သခင်ကြီးတွေ ဘာတွေ လုပ်မနေပါနဲ့ ငါတို့က သက်တမ်း(၆၀၀)ကျော် ရှိနေတဲ့သူအချင်းချင်း Dimလို့ပဲ ခေါ်ပါ"

"ကောင်းပါပြီ Dim... ပြောပါအုံး၊ ဘာများလဲ"

"ကျောက်စီဓါး ၊ ခင်ဗျားတို့ကျွန်တော်တို့ တစ်ချိန်လုံး ရှာနေခဲ့တဲ့ ဓါးက ပေါ်လာပြီ"

"သေချာလား"

"ကျွန်တော်တပည့်ကိုယ်တိုင် တွေ့လာခဲ့တာ"

"အဲ့ဒီဓါးရော ဘယ်မှာလဲ"

"မရခဲ့ပါဘူး၊ ကျွန်တော်လူတွေ ရှုံးနိမ့်ပြီး ပြန်ရောက်လာတယ်"

"စိတ်မကောင်းစရာပဲ... ခင်ဗျား ဘာဆက်လုပ်မလဲ Dim"

"အင်း... ကျွန်တော်သိသလောက်က ဓါးရဲ့သခင်က လူငယ်လေးတစ်ယောက်ပဲ၊ မြို့ပြင်က ခြံကျယ်ကြီးမှာ တစ်ယောက်တည်းနေတယ်"

Vampire and his blood bag (Completed)Where stories live. Discover now