ပြောင်းလဲခြင်း(၂၄)

645 71 8
                                    

"စိတ်လျော့ ဟုတ်ပြီလား... ဒါလေးစား"

ပန်းသီးစိပ်ကြီးကို ပါးစပ်ထဲအတင်း ထိုးထည့်လိုက်တဲ့ Willကြောင့် Romeမှာ ပါးစပ်အပြည့် ဝါးနေရလေသည်။

"အရင်က Gunလေးအနား သွားဖို့တောင် ငါ့ကို အကြိမ်ကြိမ် ခွင့်တောင်းပြီးမှ သွားတက်တဲ့သူက ဒီလိုကိစ္စမျိုးထိ ဖြစ်သွားတာတောင် အားလုံးသိမှ ငါလေးက သိရတဲ့ဘဝ"

"ဟေးးးးး မင်း ဒီလိုကြီး တွေးချလိုက်တယ်ပေါ့လေ၊ ဒီကိစ္စက မင်းကို လာပြောတော့ရော အဆင်ပြေပါ့မလား"

"ဒါလည်း ဟုတ်တာပဲ...တော်ပြီ တော်ပြီ တွေးနေလည်း ငါပဲရှုံးတယ်၊ ကျောက်စီထားက အခုဆို သခင်ကြီးOffပိုင်သွားပြီ ၊ ငါ့တူလေးကိုလည်း သခင်ကြီးOffပဲ ပိုင်သွားပြီ၊ နောက်ဆုံးတော့ ငါလေးတစ်ယောက်ပဲ ကျန်တော့တယ်"

"ဟာ ဘာမှမစားရသေးဘဲ မသောက်နဲ့လေ "

"ဒါလေး ကုန်အောင် သောက်ပါရစေ"

နီရဲရဲ ဝိုင်ပုလင်းကြီးကို ဖက်ထားကာ ပုလင်းလိုက်မော့နေသည်က ဒီလူသားရဲ့ ဝမ်းနည်းမှုကို ဖြေဖျောက်နည်းတစ်ခုလား။

"ဒီပုလင်းပဲနော် ထပ်မသောက်ရဘူး ကြားလား"

"ဝရုန် ဒရုန်!!! Yes sir!!!"

ထိုင်နေရာမှ ကိုယ်ကိုမတ်ကာ ဒယီးဒယိုင်ဖြင့် ထလိုက်ပြီး ဝိုင်ပုလင်းကို လက်တစ်ဖက်ဖြင့် ဖက်ထားကာ ကျန်လက်တစ်ဖက်ကို နဖူးပေါ် လက်ဝါးစောင်းပုံတင်ပြီး အလေးပြုလေသည်။

"ဖြည်း ဖြည်း!! လဲမယ်"

"ရ တယ် ၊ ရတယ်... ဒီလောက်က ဘာမှ မဟုတ်ဘူး အဟား"

တကယ်ကို ဒယီးဒယိုင်ဖြင့်ပင် အခန်းထဲဝင်သွားပြီး ခုတင်တိုင်ကို ဖက်ကာ စကားတွေလည်း ပြောနေသေးသည်။

တစ်ငုံနှစ်ငုံသောက်ပြီး ရစ်နေသော အမူးသမားလေးက ဒီတစ်ပုလင်းလုံးများ ကုန်လို့ကတော့ ဇောက်ထိုးကြီး လမ်းလျှောက်နေလောက်သည်။

"ဟေ့လူကြီး ငါလေး မူးသွားရင် လည်ပင်းသွေး လာမဖောက်နဲ့နော်... ဟား ဟား အဖြူရောင်အမှုန့်တွေ အများကြီးရှိသေးတယ် တွေ့လား"

Vampire and his blood bag (Completed)Where stories live. Discover now