ဗန်ဗိုင်းယားငယ်လေး(၄)

726 96 2
                                    

"သခင် ကျွန်တော် ရောက်ပါပြီ"

Dom ပြန်ရောက်ရောက်ခြင်း သခင်အခေါ်လွှတ်တာမို့ အပြေးအလွှား သွားလေသည်။

"အကုန်ရခဲ့လား"

"ဟုတ်ကဲ့ ရလာပါတယ်"

ဗန်ဗိုင်းယားတွေအတွက် အမဲလိုက်ပြီး ပြန်လာသည့် Domက စာရင်းနဲ့အတိအကျ လုပ်လာသည့် ဝါကျင့်ကျင့် စာရွက်ကို သခင်ထံ အပ်နှံလိုက်သည်။

"(၅၀)အတိအကျပဲပေါ့"

"ဟုတ်...ကဲ့၊ အတိအကျပါပဲ၊ ဒါပေမဲ့ ယုန်... ယုန်တစ်ကောင်တော့ ခြေကျိုးသွားပါတယ်၊ လည်ပင်းမဖြတ်လိုက်တာမို့ သခင်စိတ်ချပါ၊ (၅၁)ကောင် ဖြစ်သွားတာမို့ ယုန်လေးကိုတော့ ဒီနေ့အမဲလိုက်ကွင်းကို ပထမဆုံးလိုက်တဲ့ အသစ်လေးက ပြန်လွှတ်ပေးလိုက်ပါတယ်"

"နောက်ခါ မဖြစ်စေနဲ့ ကန့်သတ်အရေအတွက်ထက်ပိုရင် နောက်ကျ အမဲကောင်ရေ ရှားလာလိမ့်မယ်၊ ထားတော့... အပြင်မှာ ဘာသတင်းရခဲ့လဲ"

"မြို့တော်ဝန်ကတော့ အေးချမ်းတယ်လို့ ပြောပါတယ်၊ ဒါပေမဲ့ သတင်းမှောင်ခို ဈေးကွက်မှာတော့ တောင်ပိုင်းအစေအပါးတွေ ခိုးဝင်မယ်လို့ ပြောပါတယ်"

"သတိထားလိုက်၊ ဘုရားကျောင်းက ဖာသာကြီးကိုလည်း မြို့နယ်စည်းကို လပြည့်ကျော်(၁)ရက်နေ့ထိ နှစ်ထပ်ချထားဖို့ သိမ်းငှက်နဲ့ စာပို့လိုက်"

"ဒါပေမဲ့ ကျွန်တော်တို့..."

"မင်းတို့လည်း ကျန်တဲ့သူတွေကို ငါဆီက တိုက်ရိုက်အမိန့် မရဘဲ နယ်မြေစည်းနား မသွားနဲ့၊ နောက်ဘဝ မရှိဖြစ်သွားမယ်"

"ဟုတ်ကဲ့ သခင်၊ အကုန်လုံးကို ပြောထားလိုက်ပါ့မယ်"

Domက ခေါင်းကိုညွတ်၍ ထွက်သွားလေသည်။

"သခင်၊ ဘုရားကျောင်းနား သွားကြည့်အုံးမလား"

"ဒီရက်အတွင်း သွားမယ် Will "

ဘုရားကျောင်းက နယ်မြေရဲ့ အလည်လောက်တွင် ရှိတာမို့ ပုံမှန်ခြေထောက်ဖြင့် လျောက်လျှင် (၄)ရက်ခန့်ကြာပြီး အသွားအပြန် (၈)ရက်ခရီုးကြာမြင့်လေသည်။

"ဖာသာRomeဆီက ငှားလို့ရမယ်ထင်လား"

"_ _ _ _ _ _ _ "

Vampire and his blood bag (Completed)Where stories live. Discover now