ထိန်းချုပ်ကာကွယ်ခြင်း(၁၀)

641 88 4
                                    

နံရံကို လက်ထောက်ထားကာ မျက်ခုံးကို တွန့်ချိုးထားပြီး Offရဲ့အနေအထားက မတရား ထိန်းချုပ်နေရပုံ ပေါ်လေသည်။ လူသွေး တစ်ကယ်ကို မသောက်ခဲ့တာ ရာစုနှစ်ချီနေခဲ့ပြီ။ ဒီအကောင်ပေါက်နဲ့မှ သူ့ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ထွက်တော့မတက် ဖြစ်နေလေသည်။ သူဘာဖြစ်နေမှန်း သိပေမဲ့ မိမိရှေ့က အကောင်ပေါက်က သိဟန်မတူပေ။

"ဘာ ဘာဖြစ်တာလဲ၊ ဟေး ခင်ဗျား ဘာဖြစ်နေတာလဲ"

လူကို အုပ်မိုးထားသည့်သူရဲ့ ရင်ဘတ်ကို ဖိတွန်းပေမဲ့လည်း နည်းနည်းလေးပင် မရွေ့သွားချေ။ လေးလိုက်တဲ့ ကိုယ်လုံးကြီး၊ Gunမျက်နှာက ထိုသူ၏ရင်ဘတ်နှင့် ဖိကပ်နေလေတော့သည်။ ဆိုင်အတွင်း အရေးကြီးတဲ့ အနေအထားကို ကျော်လွန်ဖို့ရန် အတွက် အသည်းအသန် သည်းခံနေရသော မြောက်ပိုင်းသခင်ကြီးနှင့် ဆိုင်ပိုင်ရှင်လေး ရှိသလို၊ ဆိုင်အပြင်ဘက်တွင်လည်း အခြေအနေတစ်ရပ် ဖြစ်ပေါ်နေလေသည်။

"ဟိတ်!!! ဘယ်လဲ"

ဆိုင်ပေါက်ဝတွင် ရပ်ရင်း လက်ကိုဆန့်ကာလိုက်ကာ မေးလိုက်သည့် Neoကို Clone ကြည့်လိုက်ပေမဲ့ မမှတ်မိ။

"ခင်ဗျားက ဘယ်သူလဲ၊ ကျွန်တော်က ဒီကအလုပ်သမား ဖယ်"

"မဖယ်ဘူး၊ အထဲက ကိစ္စပြီးမှ ဝင်"

"ဘာကိစ္စလဲ သွေးအိတ်လာပို့တဲ့ ကိစ္စထက် ဘယ်ဟာက အရေးကြီးနေတာလဲ"

နောက်တွင် လူနှစ်ယောက် ထမ်းလာသည့် သေတ္တာကို လက်ညှိုးထိုးပြရင်း Cloneက ခပ်ရွတ်ရွတ် ဆိုလေသည်။

"အထဲမှာ သခင်ကြီး...!"

"ဒုန်း ဝရုန်း!!!"

"ဟာာာ!!!"

Neo မျက်လုံးပြူးသွားသလို Cloneလည်း လန့်ဖြန့်သွားသည်။ တစ်ခုခုကို တိုက်မိပြီး ပြိုလဲသည့် အသံက ဆိုင်ပြင်ဘက်ထိ ရောက်လာသည်မို့ ဘာများပြိုကျတာပါလိမ့်ဆိုပြီး Cloneမှာ ဆိုင်တံခါးကို အတင်းပင် ကိုယ်နဲ့တိုက်ကာ ဝင်တော့သည်။

"ဟင်!!!!"

(၄)ဦးသား မြင်နေရသည့် မြင်ကွင်းကို နဂိုမျက်လုံးထက် ဆယ်ဆပြူးရင်း ကြောင်အစွာ ကြည့်နေမိတော့သည်။

Vampire and his blood bag (Completed)Where stories live. Discover now