အကြင်နာယိုဖိတ်(၁၆)

679 85 14
                                    

"ဖယ်စမ်း"

လည်ဂုတ်ကိုကိုင်ပြီး မျက်နှာကို မလိုလားစွာ ပြုမူကာ ဘေးဘက်ကို ကိုယ်ကိုတိမ်းရင်း ရှောင်ထွက်လိုက်သည်။

"ဟေး ဟေး စိတ်လျော့ပါ၊ ခင်ဗျားကို ဘာမှမလုပ်ပါဘူး"

လက်ဟန်ကိုပြင်ကာ လက်သီးဆုပ်သဖွယ် ပြုလုပ်ပြီး အသင့်အနေအထားဖြင့် ရှိနေသည့် Romeကိုကြည့်ကာ Willမှာ အသည်းအသန် ပြောရသည်။

" ဒါဆို သွားခွင့်ပြုပါအုံး"

"နေပါအုံး၊ ခင်ဗျား ဘယ်ကို ပြန်မှာလဲ၊ မြို့နားအထိ လိုက်ပို့ပေးမယ်"

"မလိုဘူး"

မြင့်မားသည့်အရပ်နှင့် သွယ်လျလျ ခန္ဓာကိုယ်က မားမားမတ်မတ်ရပ်နေသည့်နောက် နှုတ်ကတုန့်ပြန်လာသံတို့ကလည်း တိကျပြတ်သားနေလေသည်။

သို့ပေမဲ့လည်း Will ဇွဲမလျော့သေး။ သိချင်သည့် စိတ်တို့ကို ရှေ့တန်းတင်လိုက်သည်။ အကယ်၍သာ စောနက သုံးသွားတဲ့ အဖြူရောင်ငွေ့တွေကြောင့် သူထင်တာ မမှားရင် တစ်ယောက်တည်းသော သူပဲ ဖြစ်ရမည်။ လွန်ခဲ့တဲ့ နှစ်(၂၀)ဝန်းကျင်လောက်တုန်းက ကျော်ကြားခဲ့တဲ့ စိတ်လှည့်ငွေမှင်ရောင်အမှုန့် ဆိုသည့် Vampireတို့ကို ထင်ရောင်ထင်မှား ဖြစ်စေသည့် အမြင်ကွယ်စေသည့် အမှုန့်ကို တီထွင်ခဲ့သူမှာ ဖာသာRome ဖြစ်လေသောကြောင့် ဖြစ်သည်။

"ခင်ဗျားက ဖာသာ Romeလား"

"ဟုတ်တယ်ဆိုတော့ရော ဘာဖြစ်လဲ၊ မဟုတ်ဘူးဆိုတော့ရော ဘာဖြစ်လဲ"

"ခင်ဗျား မပြောလည်း ကျွန်တော်က သိနေတော့ မဖြေချင်လည်း နေပါ၊ ဒါပေမဲ့ ကျွန်တော်ပြောမယ့် စကားကို ဆုံးအောင် နားထောင်ပေးပါလား"

"ကောင်းပြီလေ ခင်ဗျားက တစ်ခါကူညီထားတာဆိုတော့ နားထောင်လိုက်ပါ့မယ်"

"ဒီလိုပါ ကျွန်တော်က မြောက်ပိုင်းသခင်ကြီး လက်အောက်က ငယ်သားတစ်ယောက်ပါ၊ သခင်နဲ့ ခင်ဗျားကို တွေ့စေချင်ပါတယ်"

"အကြောင်းက???"

"ကျောက်စီဓါးတစ်ချောင်းဆိုရင် အကြောင်းပြချက် ခိုင်လုံပါတယ်နော်"

Vampire and his blood bag (Completed)Where stories live. Discover now