တားမြစ်ပိတ်ပင်ခြင်း(၈)

646 85 8
                                    

"ဟားးးးးး ဒါဆိုလည်း ထားလိုက်ပါတော့၊ ငါတို့သွားမယ်"

"ဟုတ်ကဲ့သခင်"

ဆတ်ကြီးကို ပြန်ပေးသွားကာ မျက်စိရှေ့က ပျောက်ကွယ်သွားသော လူတစ်စုကိုကြည့်ရင်း Gunမှာ အံ့သြနေတော့သည်။

"ဒါ ဒါ အတော်မြန်တာပဲ"

"သူဌေးလေးမှ မသိတာ ကျွန်တော် ဒါ ဒုတိယအကြိမ် မြင်ဖူးတာပဲ"

"ဘာကိုလဲ"

"မြောက်ပိုင်း သခင်ကြီးကိုလေ"

"ဘာ ဘာ မြောက်ပိုင်းသခင်ကြီးဆိုတော့ စောနက အသက်ငယ်ငယ်လေးနဲ့လူက ဗန်ဗိုင်းယား သခင်ကြီးလို့ ပြောလိုက်တာလား၊ မုတ်ဆိတ်မွှေးတွေ အများကြီး အသက်ကြီးကြီးနဲ့ မဟုတ်ဘဲပေါ့လေ"

"သူဌေးလေးကလည်း မနောက်ပါနဲ့ ကျွန်တော် သိသလောက်တော့ သူ့ရုပ်က ဒီအရွယ်ပဲတဲ့"

"အာာာ အသက်(၇၀၀)ကျော်နေတဲ့ ဗန်ဗိုင်းယားဆိုတော့ Gunလည်း အသက်ကြီးတဲ့ရုပ်ထင်လိုက်တာပေါ့ ၊ ရုပ်ရည်ကလည်း အုပ်ချုပ်သူအာဏာပိုင်ရဲ့ သားတွေထက် အများကြီးသာတယ် ဟီး ဟီး"

"ကျွန်တော်တို့ ပြန်ကြရအောင် ၊ သူဌေးလေးလည်း ဆိုင်ပြန်ရအုံးမယ်လေ"

"ခင်ဗျားက ကွင်းထဲပဲ ပြန်တော့ ဒါကြီးနိုင်တယ်ဟုတ်"

မြေပြင်ပေါ် ခြေရော လက်ရော ကြိုးဖြင့်တုပ်နှောင် ခံထားရသည့် ဆတ်ကြီးကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"ရတယ် သူဌေးလေး ၊ ကျွန်တော် သယ်သွားလိုက်မယ်၊ ညနေလောက် သွေးအိတ်တွေ အရောက်လာပို့ပေးပါ့မယ်"

Cloneရဲ့ အားကြီးတဲ့ ကိုယ်ကြီးက အားကျစရာပါပဲ။ Gunလို ပုပုသေးသေးလေးက ဆတ်ကြီးရဲ့ ပေါင်တစ်ချောင်းပဲ ကွင်းထဲရောက်ရင် ကံကောင်းနေပါပြီ။

______VAHBB_____

ယနေ့ တောထဲမှာ တွေ့ခဲ့တဲ့ ဗန်ဗိုင်းယားပေါက်စ တစ်ကောင်ဟာ သိပ်ကို ထူးဆန်းတယ်။ သူ့အနားက လူသားက ထိုကလေးငယ်ကို ဗန်ဗိုင်းယားမှန်း မသိဘူးထင်ပါ့။ ဒါကလည်း မြောက်ပိုင်းမှာ မထူးဆန်းတော့တဲ့ ဓလေ့တစ်ခုပါပဲ။ Off ဖခင်ကြီး လက်ထက်က မဖြစ်နိုင်ခဲ့တဲ့ ကိစ္စကြီးက Offလက်ထက်မှာ ဖြစ်လာခဲ့သည်။ နယ်မြေနှစ်ခု မပေါင်းစည်းရသေးပေမဲ့လို့ပေါ့။ ဒါထက်ထူးဆန်းတာက ထိုကလေးငယ်နား ကပ်သွားသည်နှင့် ဗန်ဗိုင်းယားနံ့က အရမ်းကို ပြင်းထန်လာလေသည်။ အရမ်းကိုရင်းနီးနေတဲ့ မျက်နှာနဲ့ အရမ်းကို ရင်းနီးနေတဲ့ ဗန်ဗိုင်းယားနံ့က ထိုကလေးကို စိတ်ဝင်စားစေသည်။

Vampire and his blood bag (Completed)Where stories live. Discover now