အာရုံစိုက်ခံရသူ(၂၇)

597 72 14
                                    

တောနက်ပိုင်းတစ်နေရာ။

သမင်ကြီးတစ်ကောင် ရေစပ်တွင် ရှိနေပြီး အစာစားပြီးခါစမို့ ရေကို အငမ်းမရ သောက်နေလေသည်။

မုဆိုးတစ်ယောက်ရဲ့ ချောင်းမြောင်းနေမှုကို မသိရှာသော သမင်ကြီးမှာ ရေသောက်မပျက် ရှိနေလေသည်။ သို့ပေမဲ့ သားကောင်ကို မုဆိုးကချောင်းနေသလို မုဆိုးကလည်း သားကောင်အဖြစ်သို့ ပြောင်းလဲနိုင်လေသည်။ အမဲလိုက်သေနတ်ကို သေချာစွာ ချိန်ရွယ်ထားတဲ့ မုဆိုး၏နောက်တွင် အနက်ရောင်ကျားသစ် တစ်ကောင်က ခုန်အုပ်ရန် ချောင်းမြောင်းနေသည်ကို ထိုမုဆိုး မသိချေ။ စက္ကန့်ပိုင်းမျှသော အချိန်လေးတွင်ပင် အရာအားလုံး ပြောင်းလဲသွားလေတော့သည်။

"ဒိုင်း!!!!!!"

"ဝေါင်းးး!!!!!"

"အားးးးးး!!!!"

တောနက်ထဲက ငှက်အပေါင်းတို့ ထိုအသံများကြောင့် ပျံပြေးကြလေတော့သည်။

မုဆိုး၏ ပတ်ပတ်လည်တွင် ချောင်းမြောင်းနေသည့် ကျားသစ်ကြီးမှာ သားကောင်ကို ပတ်ပတ်လည်က လှည့်ပတ်ကြည့်ရှူနေပြီး မစားသေးခင် အောင်ပွဲခံနေသည်နှင့်ပင် တူနေလေတော့သည်။

"ဝေါင်း!!!!!ဂါးးးးးးးဂီးးးးးးးးး"

(AN...ဒီအသံဟုတ်ရဲ့လားဟင်...Bloomလည်း တောတွင်းကား ကြည့်ထားတဲ့အတိုင်း အသံထွက်ပေးထားတာ)

မျက်နှာအပေါ်သို့ ခုန်အုပ်လာခဲ့သည့် ကျားသစ်ကြောင့် နာကျင်နေသည့် ခြေထောက်မှ ဒါဏ်ရာကြောင့် ထပြေးခွင့်ပင် မရရှိလိုက်ပဲ မျက်လုံးတို့ကိုသာ အလန့်တကြား မှိတ်လိုက်မိတော့သည်။

ခဏကြာသည်အထိ နာကျင်မှုတို့ကို ထပ်မခံစားရတော့ဘဲ လေတိုးသံတွေကိုသာ ကြားနေရလေသည်မို့ မျက်လုံးတို့ကို ဖွင့်ကာ လဲကျနေရာမှ ထကြည့်လိုက်သည်။

လဲကျနေသော ကျားသစ်၏ရင်ဘတ်တို့ ပွင့်နေပြီး အူတို့အသည်းတို့ မြေပြင်ပေါ် ကျနေလေသည်။ ဒါ့အပြင် လူတစ်ယောက်က ထိုကျားသစ်၏ ဂုတ်သွေးတို့ကို လျှာဖြင့်လျက်လိုက်သည်ကိုလည်း တွေ့လိုက်ရသဖြင့် ထိုင်လျက်သားကိုယ်က ထပ်မံလဲကျသွားကာ အလန့်လန့် အဖြန့်ဖြန့်ဖြင့် ဒဏ္ဍာရီပုံပြင်တွေထဲက ဗန်ဗိုင်းယားများလားဟုပင် တွေးမိသွားလေတော့သည်။

Vampire and his blood bag (Completed)Where stories live. Discover now