ပုံတူ(၉)

641 89 12
                                    

"မင်းပြောတာက Romeနဲ့ ဗန်ဗိုင်းယားပေါက်စက တူဝရီးတွေပေါ့၊ ဟုတ်လား"

"ဟုတ်ပါတယ် သခင်Off၊ နေ့လည်က တွေ့ခဲ့တဲ့ ကောင်လေးနဲ့ သခင်ပစ္စည်းငှားချင်တဲ့ ဖာသာနဲ့က တူဝရီးတွေလို့ သိရပါတယ်၊ ကျွန်တော် မရှင်းတာက လူသားနဲ့ဗန်ဗိုင်းယား အတူယှဉ်တွဲနေလို့ရတယ်ဆိုပေမဲ့ ဖာသာနဲ့ ဗန်ဗိုင်းယားက တစ်အိမ်ထဲ တူတူနေတယ်ဆိုတော့ ဒါ ထူးဆန်းမနေဘူးလား၊ ပြီးတော့ ဒီကောင်လေးက ငယ်ငယ်က ဗန်ဗိုင်းယားတစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် အသွင်ပြောင်း ဗန်ဗိုင်းယား ဖြစ်လာတယ်ပဲ ထားအုံး ဘာလို့ သူ့ဆီက နှစ်ချို့ဗန်ဗိုင်းယားတစ်ကောင်ရဲ့ စွမ်းအားမြင့် သွေးနံ့ကို ရနေရတာလဲ၊ သခင်လည်း သတိထားမိတယ်ဟုတ်"

"အင်း... စိတ်ဝင်စားဖို့ ကောင်းနေပြီ... သွေးအိတ်ယူဖို့ ချိန်းထားတယ်မှတ်လား အချိန်မဆွဲဘဲ ငါတို့ သွားရအောင်"

"ဟုတ်ကဲ့ပါသခင်"

(၃)ဦးသား တည်းခိုခန်းက ထွက်ကာ သွေးအိတ်စုံဆိုင် ရှိရာသို့ ဦးတည်လိုက်လေတော့သည်။

_____VAHBB_____

Gunရဲ့ ဆိုင်တွင်တော့ Gunတစ်ဦးတည်းသာ ရှိလေသည်။ ကွင်းထဲတွင်တော့ အလုပ်သမားပေါင်း တစ်ရာနီးပါးရှိပေမဲ့ ဆိုင်မှာက ငွေပေးငွေယူသာ လုပ်သည်မို့ လူမလိုချေ။ ပစ္စည်းပို့ရမည့် နေ့မှသာ ကွင်းထဲက အလုပ်သမားတွေက ပစ္စည်းတို့ကို ထုတ်ပိုးပြီး လူရော ပစ္စည်းရော ဆိုင်ကို လာတက်ကြသည်မို့ ဆိုင်တွင် Gunတစ်ယောက်တည်း ရှိနေတက်သည်။ ဦးလေးငယ် ရှိလျှင်တော့ တူဝရီး နှစ်ယောက် အတူတူရှိတက်သည်။

ဒီနေ့လည်း ပစ္စည်းလာယူမယ့်သူ ရှိတာမို့ Cloneတို့ ပစ္စည်းလာပို့မယ့် အချိန်ကို စောင့်နေလိုက်သည်။

ထိုစဉ်မှာပဲ ရုပ်ရည်အားဖြင့် ချောမောလှပသော မိန်းမပျိုတစ်ဦးနှင့်အတူ အမျိုးသား(၃)ဦး ဆိုင်အတွင်း ဝင်ရောက်လာပါတော့သည်။

"ဒီက အစ်မတို့ ဘာလိုလို့လဲခင်ဗျ၊ ပစ္စည်းအမျိုးအစား ကြော်ငြာစာက ဆိုင်ရှေ့မှာ တွေ့ခဲ့တယ်ထင်ပါတယ်"

"အင်း လိုချင်တာက ကြော်ငြာဘုတ်က ပစ္စည်း မှန်သမျှ လိုချင်တာ၊ ငွေပေး ငွေချေက ဘယ်လို လုပ်ရမလဲ"

Vampire and his blood bag (Completed)Where stories live. Discover now