သွေးအိတ်လေး(၂၅)

693 75 24
                                    

_Warning _

"Rome... သခင်ကြီးက အောက်ထပ်က ဧည့်ခန်းထဲမှာ စကားပြောချင်ပါတယ်တဲ့"

မနက်စောစော အကြောင်းကြားလာသည့်က Willကြောင့် အောက်ထပ်ကို အလောတကြီး ဆင်းလာရသည်။

"စောင့်နေတာ ကြာသွားပြီလား သခင်ကြီးOff"

"မကြာသေးပါဘူး Rome...ထိုင်ပါ"

Willဆွဲထုတ်ပေးသည့် ခုံပေါ်ဝင်ထိုင်ရင်း Gunလေးကို ကြည့်မိသည်။

ကြည်ကြည်လင်လင် မျက်နှာလေးကြောင့် မိမိအစိုးရိမ် လွန်ခဲ့သမျှကို ကျော်လွန်သွားပြီမှန်း သိလိုက်ရသည်။

ပြောင်းလဲခြင်းအဆင့်ကို မခံနိုင်ပါက ရူးသွပ်ခြင်းထိ ဖြစ်နိုင်သည်ဆိုသောကြောင့် မိမိမှာ တစ်ညလုံး စိတ်ဒုက္ခရောက်ကာ မူးယစ်ရမ်းကားနေခဲ့သေးသည်။ ယခုတော့ အခြေအနေက အဆင်ပြေနေသေးတာပဲဟု Rome တွေးနေမိတော့သည်။

"ဦးလေးငယ် Morning"

"Morning Gun"

"Rome... ကျောက်စီဓါးရော Gunလေးကိုရော သေချာစောင့်ရှောက်ပါ့မယ်လို့ ကတိပေးပါတယ်"

***နစ်နာနေပါ့မယ် ငါ့တူလေး ငါလည်း စောင့်ရှောက်နိုင်တယ်***

"Rome...သဘောမတူတာလဲ မဟုတ်ဘဲနဲ့"

"""ငါ့စိတ်ကို လိုက်လိုက်မဖတ်နဲ့စမ်း Will""""

အသံကို တိုးကြိတ်ကာဖြင့် Willနားကပ်ကာ ကြိမ်းမောင်း ပြောဆိုလိုက်သည်။

"ရုတ်တရက်ကြီး ဖြစ်သွားရလို့ တောင်းပန်ပါတယ်... Gunလေးကို အမှားကင်းတဲ့ ပြောင်းလဲခြင်းလူသားအဖြစ် သေချာ စောင့်ရှောက်ပါ့မယ်"

"_ _ _ _ _ "

"Gunလေးကို မင်းနဲ့ခေါ်ထားလို့မှ မရတော့တာ"

Willကနှစ်သိမ့်လိုက်ပေမဲ့... အသံတိုးတိုးလေး ထွက်လာကာ Romeကမေးလေသည်။

"သွေး သွေးသောက်တဲ့အခါကျရင်ရော"

"အပွင့်လင်းဆုံး ပြောရရင် Gunက ကျွန်တော်ရဲ့သွေးကလွဲရင် ဘယ်သွေးမှ သောက်စရာ မလိုပါဘူး၊ ဒါကလည်း ဖြစ်စဉ်တစ်သန်းမှာ တစ်ယောက်ပေါ့"

"ဟူးးးး တော်သေးတာပေါ့၊ ဆာလောင်တဲ့အချိန်ကျရင် လူတွေကိုသတ်ပြီး သွေးသောက်နေမယ့် ဆိုးရွားတဲ့ ဘဝမျိုး မဖြစ်လို့ တော်သေးတာပေါ့ တော်သေးတာပေါ့....!"

Vampire and his blood bag (Completed)Where stories live. Discover now