အခက်ခဲတို့အစပြုခြင်း(၁၁)

639 88 16
                                    

"အမှန်ပဲလား"

"အမှန်ပါပဲ သခင်Glove... ဈေးထဲမှာ ချိုအီတဲ့ သွေးရနံ့ ထွက်ပေါ်လာပါတယ်တဲ့... ညနေက တစ်ဈေးလုံး အုံးအုံးကြွပ်ကြွပ် ဖြစ်သွားသေးတယ်"

"စိတ်ဝင်စားစရာပဲ"

"ကျွန်တော် စုံစမ်းခဲ့ရသလောက် ဈေးလမ်းဆုံမှာ ဖြစ်ခဲ့တာတဲ့၊ ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ"

"ပန်း ပန်းပေါင်းစုံမွှေးရနံ့ကို ပြင်းပြင်းထန်ထန်ရပြီး  အနီးနားက ဗန်ဗိုင်းယားတွေရဲ့ စွမ်းအားကို ထိန်းချုပ်ခံရသလို ဖြစ်လို့ နေမကောင်း ဖြစ်နေတဲ့ ဗန်ဗိုင်းယားတွေ များနေတယ်တဲ့၊ အဲ့ဒါ ဈေးထဲမှာ အရင်ကထက် သွေးအိတ်တွေ ပိုရောင်းနေရတယ် ပြောတယ်၊ ကျွန်တော် ကြောက်တာက..."

"ကြောက်တာက ဘာလဲ ပြောလေ စကားပြော တစ်ဝက်တစ်ပျက်နဲ့ "

"အာာာ ဒီလိုပါ၊ မြောက်ပိုင်း သခင်ကြီးက အပြင်ထွက်ရတာ မကြိုက်ဘူး သတင်းကြားထားတာ အမှားများ ဖြစ်နေမလားလို့၊ ဈေးထဲကို သခင်ကြီး ရောက်နေတယ်လည်း ကြားခဲ့သေးလို့ပါ"

"အင်း စိတ်ဝင်စားစရာပဲ"

"သ သခင်Glove... အကယ်၍ မြောက်ပိုင်းသခင်ကြီးOffနဲ့ တွေ့ရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ၊ တောင်ပိုင်းကို ပြန် ပြန်ကြမလား..."

ခေါင်းကိုငုံ့ကာ မနားတမ်း ပြောနေသည့် ဗန်ဗိုင်းယားကောင်က တောင်ပိုင်းတွင် အကြမ်းဆုံး အရမ်းဆုံးလို့ နာမည်ရထားတဲ့ကောင် ဖြစ်နေတော့ Gloveမှာ သဘောကျစွာ ရယ်မောလိုက်ပါတော့သည်။

"သ သခင် Glove စိတ် စိတ်မဆိုး ပါနဲ့"

"မဆိုးဘူး မ ဆိုးပါဘူး ဟားဟား မင်းတို့ကောင်တွေ မြောက်ပိုင်းကို မလာတာ (၁၅)နှစ် ဝန်းကျင်လောက်ပဲ ရှိသေးတာ၊ ဘယ်တုန်းက Offကို ကြောက်သွားရတာလဲ ဟမ် ဟားးး ဟားး ဟ ဟ"

မရပ်မနား ရယ်မောနေသည့် သခင်Gloveကို နားမလည်နိုင် ဖြစ်နေရလေသည်။ လွန်ခဲ့သည့် (၁၅)နှစ်နဲ့မှ မတူတော့တာ သခင်မသိတာလည်း မဟုတ်။ အင်အားချဲ့ထွင်ခြင်းတွင် နည်းဗျူဟာများစွာရှိပြီး ဗန်ဗိုင်းယား အနွယ်ဝင်ပေါင်းများစွာကို လူသွေးမသောက်စေဘဲ  တင်ကျွေးထားနိုင်သည့် မြောက်ပိုင်းသခင်ကြီး Offက သူတို့နယ်ပယ်တွင် သတင်းကြီးလေသည်။ လူသားအာဏာပိုင်တွေနဲ့လည်း အဆင်ပြေပြေ ရှိတာမို့ သွေးရောင်လွှမ်းတဲ့ အမှောင်ညတွေကနေ ကင်းဝေးပြီး ဘေးအန္တရာယ် ကင်းစွာ မြောက်ပိုင်းသားတို့ နေထိုင်နိုင်အောင်လည်း မြောက်ပိုင်းသခင်ကြီးက စည်းကမ်းဥပဒေများစွာကို ချမှတ်ထားသေးသည်။ ဗန်ဗိုင်းယားတွေအတွက် လူသားကို ပြစ်မှုကျူးလွန်လျှင် ပြစ်ဒဏ်က သေဒဏ်တစ်ခုတည်းသာ ရှိသည်မို့ များစွာသော ဗန်ဗိုင်းယားတို့သည် မြောက်ပိုင်းတွင် စနစ်တကျ နေထိုင်ကြလေသည်။ ဒါကြောင့်လည်း မြောက်ပိုင်းသခင်ကြီးရဲ့ အာဏာက မည်သူမှ မခန့်မှန်းနိုင်လောက်အောင် အရေးပါလေသည်ကို အားလုံး အသိပင်ဖြစ်သည်။

Vampire and his blood bag (Completed)Where stories live. Discover now