အဆုံးသတ်မရှိတဲ့အဆုံးသတ်(၃၄)

1.1K 89 43
                                    

အချိန်အားဖြင့်(၅)ရက်ခန့် ကြာခဲ့လေပြီ။ ထိုကောင်လေး သတိလည်လာဖို့အတွက် ကျွန်တော် နေ့နေ့ညည စောင့်နေခဲ့ရတာ။ အဖြေသိပြီးသားမေးခွန်းကို ကျွန်တော် မမေးချင်ပေမဲ့ အကယ်၍ ကျွန်တော်ကို တဖန်ပြန်မေးခံ့ရင်ရော ကျွန်တော်ဘက်က ဘယ်လိုအဖြေမျိုးမှ ထိုကောင်လေးအတွက် မရှိ... မရှိသည်ထက် ကျွန်တော်ကိုယ်တိုင် အဖြေနှစ်ခွနှင့်မို့။

ထိုကောင်လေးကို ကြည့်ရသည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မိမိကိုယ်ကိုယ် ပြန်မြင်နေရသည့်အတိုင်းပင် ဖြစ်နေလေသည်။

မိမိချစ်ရသူကိုသာ ဖြည်းဆည်းပေးချင်နေတာများ တစ်ချိန်က မိမိနှလုံးသွေးကို ဖောက်ပြီး သေလုမြောပါး ဖြစ်ခဲ့တဲ့အချိန်ကို ပြန်သတိရသွားသည်။ ယခု ဒီကောင်လေး လုပ်ခဲ့သည်က ထိုစဉ်က မိမိလုပ်ခဲ့သည့်အတိုင်းပင် ဖြစ်သည်။ မဟုတ်သေး... ထိုစဉ်က မိမိနှလုံးသွေးတို့ကို ဖောက်ပြီးပေမဲ့ ဆေးမြစ်နှင့် မပေါင်းစပ်ရသေးသည့် အနေအထားမှာပင် သခင်Offသိရှိသွားကာ မိမိလုပ်ရပ်ကို တားမြစ်ခဲ့လေသည်။

ထိုဖြစ်ရပ်တို့ ဖြစ်ခဲ့ပြီးသည့်နောက်မှာတော့ တားမြစ် အစီအရင်ကို ချိတ်ပိတ်ကာ နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့လေသည်။ သို့ပေမဲ့ တားမြစ်ချက်တို့ကို ဖောက်ဖျက်ပြီး Jameက အောင်အောင်မြင်မြင် ဖော်စပ်ကာ ထိုသို့သော လုပ်ရပ်ကို အောင်မြင်လုနီးပါး ဖြစ်စေခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ အသက်ဆုံးရှုံးလုနီးပါး ဖြစ်နေခဲ့တဲ့ Jameကို ကယ်တင်နိုင်ခဲ့လေသည်။

ရီဝေဝေခေါင်းတို့ဖြင့် Jame အမြင်လွှာတို့ မရှင်းလင်းခင်မှာပဲ နွေးထွေးသော အထိအတွေ့ကို ဦးစွာ ခံစားလိုက်ရသည်။ အားတင်းကာ ဖွင့်လိုက်တဲ့ အမြင်လွှာတို့နောက် Jameရဲ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် Willရဲ့လက်ကြီးကြီးတစ်စုံကို တွေ့လိုက်ရသည်။

"ခေါင်း...ဆောင်...W..ill"

"ဟင်...Jame...သတိရပြီလား"

မျက်တောင်တို့ကိုသာ လှုပ်ခတ်ပြီး နိုးလာပြီဖြစ်ကြောင်း ပြလေသည်။

"ကျွန် တော် တောင်း ပန် ပါ...တယ်၊ ဖာသာကို... ဖာသာကို မကယ်တင်နိုင်ခဲ့လို့"

Vampire and his blood bag (Completed)Where stories live. Discover now