"ဘယ်လိုလဲ Will"
"စုံစမ်းရသလောက် သူတို့မြောက်ပိုင်းထဲကို ရောက်လာပြီတဲ့"
"ငါမျှော်လင့်ခဲ့သလိုပါပဲ ဘယ်ဘုရားကျောင်းလဲ စုံစမ်း"
"ဟုတ်ကဲ့ပါ သခင်"
"အမဲလိုက်ကွင်းသွားတာ ပြန်ရောက်ရင် Domကိုငါ့ဆီလွှတ်လိုက်အုံး"
"ဟုတ်ကဲ့သခင်"
အမဲလိုက်ကွင်း။ ဗန်ဗိုင်းယားတွေအနေနဲ့ သွေးက အဓိကအစားအစာဆိုတာ အားလုံး သိကြလိမ့်မည်။ မြောက်ပိုင်း အစိမ်းရောင်ဒေသရဲ့ ဗန်ဗိုင်းယားတွေက သွေးသောက်တာ မှန်ပေမဲ့ လူသွေးလို့ထင်ရင် မှားလိမ့်မည်။ ယခုလက်ရှိ ခေါင်းဆောင် Off မအုပ်ချုပ်ခင်က သခင်မှာ Off၏ဖခင် ဖြစ်လေသည်။ အဖိုးတွေလက်ထပ်ကတည်းက လူသွေးကိုနှစ်ခြိုက်ကာ သောက်သုံးခဲ့ကြပေမဲ့ Offရဲ့ဖခင်က လူသားတွေနဲ့ ဗန်ဗိုင်းယားတွေ အတူယှဉ်တွဲ နေထိုင်လို့ ရတယ်ဟု ဆုံးဖြတ်ကာ လူသားအုပ်ချုပ်သူတို့နှင့် ဆွေးနွေးခဲ့လေသည်။ ထိုစဉ်မှာပဲ လူသွေးကိုခုံမင်ကြတဲ့ ဗန်ဗိုင်းယားတွေနဲ့ Offဖခင်ရဲ့ သဘောထားကို လက်ခံတဲ့ ဗန်ဗိုင်းယားဆိုပြီး နှစ်ခြမ်းကွဲခဲ့ကာ လူသားတွေနဲ့လည်း မစေ့စပ် မဆွေးနွေးနိုင်ဘဲ ဒီအကြောင်းအရာက ဒီမှာတင် ရပ်တန့်ခဲ့သည်။ အဆုံးသတ်အနေနဲ့ ဗန်ဗိုင်းယားမျိုးနွယ်စုဟာ နှစ်ပိုင်းကွဲပြီး အုပ်ချုပ်သူနှစ်ယောက် ရှိခဲ့လေသည်။ မြောက်ပိုင်း အစိမ်းရောင်ဒေသကတော့ Off လက်ထက်ထိတိုင် လူသားတွေကို အမဲလိုက်သတ်ဖြတ်ခြင်း မပြုလုပ်ဘဲ အမဲလိုက်ကွင်း ထားရှိကာ သမင်၊ ဒရယ်၊ ဆတ်၊ တောဝက် ၊ မြင်း၊ ကျား၊ ခြင်္သေ့ စတဲ့ တိရိစ္ဆာန်တွေကိုသာ သတ်ဖြတ်ပြီး လူသွေးအစားထိုးအနေနဲ့ တစ်လတစ်ကြိမ် အမဲလိုက်ထွက်လေ့ရှိကြသည်။ မြောက်ပိုင်း အစိမ်းရောင်နယ်မြေရှိ လူသားတွေအနေနဲ့ ဗန်ဗိုင်းယားဆိုတာ ပါးစပ်အပြောနဲ့ တောင်ပိုင်းမှာသာရှိပြီး တစ်ကြိမ်တောင် မမြင်ဘူးတာကြောင့် ကလေးတွေရဲ့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ် အနေနဲ့သာ ရှိကြသည်။ ထိုသို့ဖြစ်ရသည့်အကြောင်းရင်းက ဗန်ဗိုင်းယားတွေရဲ့အကြား နယ်မြေမကျော်ရသည့် စည်းမျဉ်းသဘောတူညီချက်ရှိလေသည့်အပြင် ကျူးကျော်ပါက အစအနမကျန် ဆွဲဖြဲသတ်ဖြတ်လိုက်သည်ကြောင့်ပင် ဖြစ်သည်။ လူသားတွေအနေနဲ့ တောင်ပိုင်းနှင့် မြောက်ပိုင်း ဖြတ်သန်းခွင့် လက်မှတ်က ဘုရင်ခံထံတွင် ထုတ်ယူရသောကြောင့် အခကြေးငွေအဖြစ် ရွှေတုံး(၃)တုံး ကုန်ကျလေသဖြင့် တော်တန်ရုံ မကူးသန်းကြချေ။ ဒါ့အပြင် တောလမ်းခရီးအနေဖြင့် တောင်အထပ်ထပ် ဖြတ်ရသည့်အပြင် တောတွင်း သားရဲတိရိစ္ဆာန်ရန်ကို ကြောက်ကြသည်ကြောင့် မကူးလူးကြခြင်း ဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်းနှင့် တောင်ပိုင်းက စွမ်းအားရှိသော သူတို့သာ ကူးသန်းကြသော အရပ်ဒေသ ဖြစ်လေသည်။
YOU ARE READING
Vampire and his blood bag (Completed)
Fanfiction(Completed) Unicode & Zawgyi #OffGunfanfiction #Crd_all_cover_pic 1/6/2020~2962020 _________________________________________🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 _________________________________________ Gun** သွေးအိတ်တွေကို မှောင်ခိုရောင်းဝယ်ရင်း ငွေရှာတေ...