အကြံအစည်တို့ရှုံးနိမ့်ခြင်း(၁၄)

639 90 8
                                    

အမှောင်ဗန်ဗိုင်းယားအဖွဲ့ အဆောက်အဦး။

အဆောက်အဦး၏ အခန်းကျယ်ကြီးထဲတွင် အဖွဲ့သားတို့ စုးဝေးရောက်ရှိနေကြသည်။ ဆရာRing ပြန်ရောက်ပြီဆိုသည့် သတင်းကြောင့် အကြောင်းစုံ သိရှိရန် ရောက်လာကြခြင်း ဖြစ်သည်။ မျှော်လင့်ချက်တို့ဖြင့် ရောက်ရှိလာကြပေမဲ့ ဆရာRingကို တွေ့ပြီးသည့်နောက် အားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြတော့သည်။

ဆရာ Ringရဲ့ အခြေအနေကလည်း မပြောဘဲနဲ့ သိနှင့်လေသည်။ လက်တစ်ဖက်ပြတ်ကာ ပြန်ရောက်လာသည့် ဆရာRingက အသက်မသေခဲ့သည်မှာ ကံကောင်းလို့ဟု ဆိုရမည့် အနေအထားတွင် ရှိလေသည်။

ခေါင်းဆောင် ဖြစ်ဟန်တူသူက စင်အမြင့်နေရာမှ ထလာပြီး ဒူးထောက်ထားသည့် Ringရှေ့ကို လှေကား(၃)ထစ် နင်းဖြတ်ပြီး ရောက်ရှိလာသည်။

"Gloveကိုတောင် ရှုံးခဲ့တယ်ပေါ့လေ၊ ဟုတ်လား"

" မ မဟုတ်ပါဘူး သခင်... ကျွန်တော် ကျွန်တော်ကို ဒီလိုဖြစ်စေခဲ့တဲ့သူက မြောက်ပိုင်းသခင်ကြီးOff ပါ"

"ဘာ!!! တောင်ပိုင်းထိ ဒီကောင်ရဲ့ အာဏာက သက်ရောက်နေပြီလား"

"မ မဟုတ်ပါဘူး သခင်"

"ဒါဆို ဘာကြောင့်လဲ"

ပြတ်နေသည့်လက်ကို ကိုင်ထားသည့် လက်ကိုင်ဒုတ်ကောက်ဖြင့် ထိုးလိုက်သည်မို့....

"အားးးးးးးး! ကျွန်တော် ပြော ပြောပါ့မယ်... တောင်ပိုင်းကို ကျွန်တော် တပည့်တွေနဲ့ သွားခဲ့တယ်၊ သခင်ပြောသလို ဓါးမြှောင်က လွန်ခဲ့တဲ့ (၁၅)နှစ်က တောင်ပိုင်းမှာ ရှိခဲ့တာ မှန်ပေမဲ့၊ အခု မဟုတ်တော့ပါဘူး"

"ဒါဆို ဘယ်မှာလဲ"

"စုံစမ်းရင်းနဲ့ ဓါးပိုင်ရှင်က မြောက်ပိုင်းကို ရောက်သွားမှန်း သိလိုက်တာမို့ မြောက်ပိုင်းကို လိုက်သွားခဲ့ပါတယ်၊ ဒါပေမဲ့ သတင်း အစအနက လုံးဝရှာမရခဲ့ပါဘူး၊ (၃)ရက်မြောက်နေ့မှ မြောက်ပိုင်းရဲ့ အစည်ကားဆုံးဈေးကို သတင်းစုံစမ်းဖို့ သွားခဲ့ပါတယ်၊ အဲ့သည်နေ့မှာတော့ ဈေးထဲမှာ ထူးထူးဆန်းဆန်း ချိုအီတဲ့သွေးနံ့ကို ကျွန်တော်တို့ အားလုံးရခဲ့တယ်၊ အဲ့ အဲ့ဒါက ကုစားသွေးပိုင်ရှင်မှန်း ကျွန်တော်သိခဲ့ရတယ်၊ ကုစားသွေးနံ့ ထွက်ပေါ်လာပြီး သိပ်မကြာဘူး စွမ်းအားမြင့်ဗန်ဗိုင်းယား တစ်ကောင်ရဲ့ ကြင်ဖော်သက်မှတ်တဲ့ မွှေးရနံ့ကို ထပ်ရပြန်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့က ကုစားသွေးကို ရှာဖို့ စိတ်လောနေတာနဲ့ သွေးပိုင်ရှင်ရဲ့ အမွှေးနံ့သဲ့သဲ့ကို အနံ့ခံပြီးလိုက်ရင်း မြို့ပြင်ထိ ရောက်သွားတာပါ၊ အဲ့မှာ ကျွန်တော်တို့ ကျောက်စီဓါးနဲ့ ကုစားသွေးပိုင်ရှင်က တစ်ယောက်တည်း ဖြစ်နေတာကို သိလိုက်ရပါတယ်၊ ပြီးတော့ ဓါးက ပိုင်ရှင်ကို သတ်မှန်ပြီးပြီမို့ ယူဖို့ မလွယ်တော့ပါဘူး သခင်၊ ပြီးတော့ ပြီးတော့လေ..."

Vampire and his blood bag (Completed)Where stories live. Discover now