လက်ခံခြင်း(၂၆)

682 62 12
                                    

18th century...(1780-1781) yrs!

နှစ်ကာလတွေ အလီလီပြောင်းလဲခဲ့လေပြီ။ ခေတ်စနစ်တို့ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာမှုကြောင့် လူနေမှု အဆင့်အတန်းတွေလည်း ပြောင်းလဲလာခဲ့သည်။
သစ်ရိပ်ဝါးရိပ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးနောက် အဆောက်အဦးကြီးငယ်တို့ အစားထိုး ဝင်ရောက်လာကာ လမ်းများကိုလည်း ချဲ့ထွင်လာကြသည်။

ခရီးသွားလာဖို့အတွက် လူသားတွေအနေနဲ့ မြင်းတပ်ရထားလုံးများကို သုံးစွဲလာကြသည်။ ဗန်ဗိုင်းယားအုပ်စုအနေဖြင့် ရွေ့ပြောင်းခြင်း အစီအရင်ကို လက်လွတ်စပယ် မသုံးစွဲတော့ပဲ တစ်ခါတရံမှသာလျှင် အသုံးပြုကြကာ ပုံမှန်လူသားတို့ရဲ့ နည်းလမ်းအတိုင်း သွားလာကြတော့သည်။

လူခြေတိတ်သော တောင်ခြေရှိ သစ်တောကြိုးဝိုင်း တစ်နေရာတွင်တော့ ကြီးမားလှစွာသော အိမ်ကြီးတစ်လုံးရှိလေသည်။

ထိုအိမ်ကြီးကိုတော့ လူတစ်ရပ်စာမက အမြင့်ရှိသည့် ခြံစည်းရိုးအကာအရံဖြင့် ကာရံထားပြီး အိမ်ကြီးမှာတော့ မိသားစု အယောက်(၃၀)ခန့် နေနိုင်သည်အထိ ကျယ်ဝန်းလှပါသည်။ သို့ပေမဲ့ လူ(၃)ဦးသာ ထိုအိမ်ထဲတွင် နေသည်မှန်း မည်သူက သိလိမ့်မည်နည်း။ ကျယ်ဝန်းလှစွာသော မြေအပိုနေရာတွင်း လုံးချင်းအိမ်ငယ်(၁၀)လုံးခန့် ရှိပြီး ထိုအိမ်ငယ်တို့တွင် အိမ်ကြီးသခင်၏ အစေအပါး ဖြစ်ဟန်တူသူတို့က နေထိုင်ကြလေသည်။

အိမ်ကြီးထဲတွင်တော့ (၃)နှစ်တစ်ကြိမ်ကျင်းပသည့် စာချုပ်သစ် ချုပ်ဆိုပွဲသို့ တက်ရောက်ရန် ပြင်ဆင်နေကြသည့် သူနှစ်ဦး ရှိလေသည်။

လည်ပင်းကဖဲပြားကို သေသပ်စွာ စည်းနှောင်ပေးပြီးနောက် အပေါ်ထက်ကုတ်ကို ဝတ်ဆင်ပေးကာ ကြယ်သီးတို့ကို အစေ့တပ်ပေးလိုက်သည်။ပြီးနောက် ကိုယ်လုံးပေါ် မှန်အရှေ့ ခေါ်သွားပြီး ကြည့်စေလိုက်သည်။

"ဘယ်လိုလဲ အကောင်ပေါက်လေး ကြိုက်လား"

"အင်း ကြိုက်တယ်"

"မနေ့ကမှ အဝတ်ချုပ်သမား လာပို့သွားတာလေ၊ ကိုယ့်Gunလေး ကြိုက်ရင် နောက်လည်း သူ့ဆီမှာပဲ အပ်ကြတာပေါ့"

Vampire and his blood bag (Completed)Where stories live. Discover now