ဈေးမလျော့နိုင်ဘူး(၇)

676 92 14
                                    

"ကျွန်တော်တို့ သွားကြမလား သူဌေးလေး"

"သွားတာပေါ့"

ဆတ်ဖိုကြီး နောက်လိုက်မည်ဆိုကာမှ လူနှစ်ယောက်က ထမ်းလာပြီး တစ်ယောက်သော သူကတော့ လွတ်လွတ်လပ်လပ် လျောက်လာလေသည်။

"သူဌေးလေး ဒါ ကျွန်တော်တို့ ဆတ်ကြီး"

ဆတ်ကြီးရဲ့ လည်ပင်းတွင် အမှတ်အသား အနေနဲ့ ကြိုးနီစည်းနှောင် ထားလေသည်။ ဆတ်ကြီးမှ မဟုတ် မိမိတို့ကွင်းအတွင်းရှိ အကောင်ငယ်ငယ် ကြီးကြီး မှန်သမျှတွင် ကြိုးနီ ချည်ထားလေ့ရှိသည်။

"နေအုံး"

လက်နှစ်ဖက်ကို ဆန့်တန်းကာ လာနေသူ (၃)ဦးရှေ့ ပိတ်ရပ်လိုက်သည်။

အရပ်ကြီး တော်တော်ရှည်သည့် ထိုသူကို မော့ကြည့်ကာ ဖန်လုံးထဲက လူတွေမဟုတ်မှန်း သိလိုက်ရလေသည်။

"ခင်ဗျား သူခိုးတွေ လက်က ပြန်ယူလာပေးလို့ ကျေးဇူးတင်ပါတယ်"

"ဟ အဟဟ... ကိုယ်ပိုင်တဲ့ ပစ္စည်းကို ကိုယ်ပြန်ယူလာတာပဲ၊ မင်းကျေးဇူးတင်စရာမလိုပါဘူး"

"Gunရဲ့ ဆတ်ဖိုကြီးက ဘာလို့ ခင်ဗျားပိုင်ရမှာလဲ"

"ကိုယ် ငွေချေပြီးသားလေ"

"အဲ..."

______VAHBB______

"သခင် ဈေးတော့ရောက်ပြီ"

"မင်းတို့ အနီးနားမှာ သေချာစုံစမ်း၊ ပြဿနာမဖြစ်စေနဲ့"

"ဟုတ်ကဲ့ပါ သခင်Glove"

ဟိုဗန်ဗိုင်းယား ပေါက်စလေးက သူ့ကို မလိမ်လိုက်ဘူးပဲ။ မဟုတ်လို့က မိမိ ဂုတ်သွားချိုးမိမလားပဲ။ ချစ်စဖွယ် ကလေးမျက်နှာ ဖြူဖြူလေးကို ပြေးမြင်ကာ ပြုံးမိပြန်လေသည်။ မြောက်ပိုင်းနယ်မှာ မိမိကို စိတ်ကြည်အောင် လုပ်ပေးနိုင်တဲ့သူ ရှိနေပြီပဲ။

မဆိုးဘူး၊ အပြန်ကြရင် လက်ဆောင်လေး ဘာလေး ဝယ်ပေးမှနဲ့တူတယ်။ ထိုအကောင်ပေါက်ရဲ့ အနံ့ကို မှတ်မိနေတာမို့ ရှာမတွေ့မှာ ပူစရာ မလိုချေ။

"သခင် ဒီညတည်းမယ့်နေရာ ငှားခဲ့ပါပြီ"
"သခင် ဟိုဖက် တစ်လမ်းကျော်မှာ သွေးအိတ်စုံဆိုင် တွေ့ခဲ့ပါပြီ"
"သခင် အနီးနားမှာ နောက်ထပ် သွေးအိတ်မှောင်ခို အကြီးစားလုပ်တဲ့နေရာ ရှိပါတယ်"

Vampire and his blood bag (Completed)Where stories live. Discover now