ချစ်ခြင်းထာဝရတိုင်စေသော်(၃၁)

520 64 10
                                    

အနက်ရောင် လောင်းကုတ်ရှည်တို့ကို အပေါ်ကထပ်ဝတ်ထားကြသည့် အရပ်အမောင်း တူသူ(၃)ဦးနှင့် ထိုသူတို့ကို ဦးဆောင်လာသော နဖူးပေါ်အထိ အုပ်ကျနေသည့် ဆံပင်အလည်ကွဲနှင့် လူငယ်လေးတစ်ယောက်ကို ခပ်လှမ်းလှမ်းက မြင်တွေ့ရလေသည်။ သူများတွေနဲ့မတူ ထူးခြားစွာ ဘောင်းဘီဂျင်းပြာကို အသည်းကွဲရောင်တီရှပ်လေးဖြင့် တောစီးဖိနပ်လည်ရှည်ကို ဝတ်ဆင်ထားကာ ကုတ်အင်္ကျီမြင်းမြှီးရောင်ကြီးကို ဝတ်ဆင်ထားသည်က အများထပ်ပုနေသော အရပ်နှင့်အတူ အကောင်သေးသေး ဖြူဖြူနုနုလေးမို့ အဝတ်တွေအောက် ပျောက်နေသေးသည်။

ထိုသူ(၄)ဦးတို့သည် ခပ်သုတ်သုတ်သွားနေကာ တစ်နေရာကို ဦးတည်နေသည်။

"သခင်ကြီးတို့ မရောက်ခင် ကြိုရောက်နေမှ မဟုတ်ရင် အဆူခံရလောက်လား"

"မင်းက မရေမရာနဲ့၊ ခေါင်းဆောင်Neoက ဘာလို့ မလိုက်လာတာလဲ၊ ငါတို့ကြီးပဲဆိုတော့ အဆင်ပြေပါ့မလား"

"ဆရာ Neoလား ပန်းချီခန်းထဲမှာလေကွာ"

"မင်းတို့ မြန်မြန်လာလေ၊ ငါတို့ကြိုရောက်နေမှ ဖြစ်မယ်"

တစ်ယောက်တစ်ပေါက် စကားတွေကိုကျော်ပြီး Jameရှေ့ကနေ ဆော်သြလိုက်သည်။

"Jameရာ ဒီလောက်က သာမန်လူတွေထက် ငါတို့က ပိုမြန်ပါတယ်ကွ၊ ခေါင်းဆောင် Domက ရွေ့ပြောင်းခြင်း အစီအရင်လည်း မသုံးခိုင်းဘူး မင်းကလည်း မြန်မြန်လျှောက်ဆိုတော... ကားသာမောင်းလာလို့ရရင် မောင်းလာပြီ တကယ် တကယ်"

လမ်းတို့လျှောက်နေရသည်ကို စိတ်အပျက်ကြီး ပျက်နေကြသည့် ထိုသူ(၃)ဦးတို့၏ မြည်တမ်းသံကို လျစ်လျူရှုကာ Jameကတော့ ပြုံးရွှင်လွန်းတဲ့ မျက်နှာကြီးဖြင့်ပင် တက်တက်ကြွကြွ ရှေ့ကသွားနှင့်လေတော့သည်။ မိမိမှာ ခေါင်းဆောင်Willကို ကိုယ်တိုင် တွေ့မြင်ရတော့မှာမို့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ခြေလှမ်းတို့က တက်ကြွနေတော့သည်။ ထို့ကြောင့် နောက်ပါးက (၃)ဦးသော သူတို့သည်လည်း ခပ်မြန်မြန်သာ လိုက်လာရပါတော့သည်။

နယ်မြေကန့်သတ်စည်းကို ရောက်သည်နှင့် နှုတ်မှစည်းဖွင့်ဂါထာကို ရွတ်လိုက်သည်ကြောင့် လူတစ်ကိုယ်စာထွက်လို့ရသည့် အရံအတား ပေါ်လာကာ သူတို့အားလုံး အလျိုလျို ထွက်လာတော့သည်။

Vampire and his blood bag (Completed)Where stories live. Discover now