ချစ်ခြင်းထာဝရတိုင်စေသော်(၃၃)

473 58 6
                                    

အရောင်စုံ ဖန်ပြွန်တွေနဲ့ အလုပ်ရှုပ်နေသော Jameကို လျစ်လျူရှုလိုက်ကာ Romeဆီကို ဦးတည်လိုက်လေသည်။

"Rome...ငါလာလည်တယ်"

"ခုတလော နေရတာ ကောင်းရဲ့လား"

"ပန်းချီကားလေးရော ကြိုက်လား"

စကားတို့ တတွတ်တွတ် ပြောနေသည်ကို Jameအတိုင်းသား ကြားနေရသည်။ ကိုယ်ချစ်ရသူက သူချစ်ရသူကို နွေးထွေးတဲ့ စကားတို့ ဆိုနေချိန်မှာ ကိုယ်က ဘာရယ်မဟုတ်တဲ့ ခံစားချက်တွေနဲ့ ရှုပ်ထွေးနေလေတော့တယ်။ ပိုပိုပြီး ခိုင်မာလာတာက ငါ့ဆုံးဖြတ်ချက် မမှားဘူးလို့လည်း အတိအလင်း ထောက်ခံနေသေးသည်။

"ခေါင်းဆောင်Will"

Jameရဲ့ ခေါ်သံကြောင့် အကြည့်တို့က ရွေ့လျားလာလေသည်။

"ညကျရင် သခင်ကြီးတို့အတွက် ကြိုဆိုပွဲလုပ်မှာ... အဲ့ဒါ ခေါင်းဆောင်Willကရော လာမှာလား"

မျှော်လင့်ချက်တို့ဖြင့် အဖြေကို ငံ့လင့်နေသည့် ထိုသူကို Willတစ်ချက်သာ ကြည့်ပြီးနောက် ခေါင်းတို့ယမ်းပြသည်။ ပြောချင်သည့်သဘောက မတက်ဖြစ်ဘူးပေါ့။ ဟားးးးး ကျွန်တော်က လာမယ်လို့ မျှော်လင့်ထားတာလေ... ခင်ဗျား အိမ်ပြန်လာမှာကို နှစ်(၅၀)လောက်နီးပါး မျှော်နေခဲ့တာပါ။ တစ်ခါလောက် ကျွန်တော်ကို မျက်နှာသာပေးပါလားဟင်။ သို့ပေမဲ့ ထိုစကားတို့က ဘယ်တော့မှ နှုတ်က ထွက်လာလိမ့်မည် မဟုတ်ချေ။

"အာာာ ကျွန်တော်က လာမယ် ထင်ခဲ့တာ"

အခန်းထဲ တိတ်ကျသွားပြီးနောက် ထိုကောင်ငယ်လေးမှာလည်း သူ့နေရာကို ပြန်သွားပြီး တကုတ်ကုတ်နဲ့ အလုပ်တွေ ရှုပ်နေလေတော့သည်။ ထို့နောက် Willလည်း ကျောခိုင်းသွားလေသည့် ထိုကောင်လေးကို တိတ်တဆိတ် ကြည့်နေရာမှ အကြည့်တို့ကို ရုတ်သိမ်းပြီး အိမ်ကြီးဆီသို့ ပြန်လာခဲ့တော့သည်။

_______VAHBB______

"ဟေး အဲ့ဒါကို နည်းနည်းရွေ့လိုက်အုံး စောင်းနေသေးတယ် အင်း အဲ့အတိုင်း ဟုတ်ပြီ ရပြီ"

Domမှာ ခြံထဲတွင် အလုပ်ရှုပ်နေပြီး သခင်ကြီးတို့ ပြန်လာသည့် အထိန်းအမှတ်အနေဖြင့် ပွဲကျင်းပနိုင်ရန် ပြင်ဆင်နေလေသည်။

Vampire and his blood bag (Completed)Where stories live. Discover now