ဈေးမလျော့နိုင်ဘူး(၆)

654 88 6
                                    

"အယ် Gunလေး ဒီနေ့ဖွင့်တယ်လား"

"ဟုတ် ဘဘ၊ Gunဒီနေ့ ငွေလာချေမဲ့သူ ရှိလို့ ဖွင့်လိုက်တယ်"

ဒီနေ့က လပြည့်နေ့။ ဦးလေးငယ် လက်ထက်ကတည်းက လပြည့်နေ့တိုင်း ဆိုင်ပိတ်လာတာက အစဉ်အလာပင် ဖြစ်နေသည်မို့ ကလေးကစ ဈေးခွေးအဆုံး သိလေသည်။ ယခုလည်း ဈေးထဲ အသားဆိုင် ဖွင့်ထားသည့် အဘက ဆိုင်ရှေ့မှ ဖြတ်သွားရင်း အော်မေးသွားလေသည်။

"အေး ရောင်းကောင်းပါစေဟေ့"

"ကျေးဇူးတင်ပါတယ် ဘဘရေ"

ထိုစဉ်မှာပဲ အသားညိုညို ဗလတောင့်တောင့်ဖြင့် လည်သာဘောင်းဘီရှည်ကို ဝတ်ထားကာ အပေါ်ပိုင်းဗလာကျင်းနဲ့ လူတစ်ယောက် ရေးကြီးသုတ်ပြာ ရောက်ချလာသည်။

"သူဌေးကြီးရှိလား"

"ဦးလေးငယ် ပြန်မရောက်သေးဘူး"

"ကျွတ်စ်!! ဒါဆို သူဌေးလေးပဲ လိုက်ခဲ့မှ ရမယ်"

"ဘာဖြစ်လို့လဲ Clone"

"အရေးကြီးတယ် သူဌေးလေး၊ ပြီးခဲ့တဲ့ တစ်လက သူဌေးကြီး ဖမ်းထားပြီး အပိုင်ကွင်းထဲ ပြောင်းထည့်ထားတဲ့ ဆတ်ဖိုကြီး ပျောက်နေတယ်၊ အဲ့ဒါက ရှားပါးဆတ်ကြီး၊ ငွေချေထားပြီးတဲ့ ပိုင်ရှင်အတွက် သွေးထုတ်ရတော့မှာကို ပျောက်နေတယ် သူဌေးလေး၊ အဲ့ဒါ.."

"ပျောက် ပျောက်နေတယ်၊ ဒါဆို ဒီလိုနေလို့ ဘယ်ရမလဲ ရှာရမှာပေါ့၊ ဦးလေးငယ် ပြန်လာလို့ အဆူခံရမှာထက်၊ လောလောဆယ် ငွေချေထားတဲ့သူက ဘယ်တော့ လာယူမှာတဲ့လဲ"

"ဒီ ဒီညနေပါ သူဌေးလေး"

"အမ်...ဒီညနေ!!! ဒီညနေကို အခုမှ လာပြောရလား ဟမ်၊ ဘယ်နားက ဆတ်တစ်ကောင် သွားဖမ်းလာရမတုံး"

"အဲ့ အဲ့ဒါကြောင့်လည်း သူဌေးလေးကို လာခေါ်တာပေါ့"

မျက်နှာငယ်လေးနဲ့ လူထွားကြီးမှာ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအော်လိုက်တဲ့ အသံပြဲကြီးကြောင့် ကိုယ်လုံးကြီးပါ တုန်သွားပြီး ခေါင်းပါငုံ့ကျသွားလေသည်။

Gunတို့ အခုလို သွေးအိတ်တွေ ရောင်းနိုင်တာက ဦးလေးငယ်ရဲ့ ကြိုးစားမှုတွေပဲ ဖြစ်လေသည်။ တိရိစ္ဆာန်ပေါင်းစုံကို ဖမ်း၍သော်လည်းကောင်း၊ ရှားပါးကောင်တွေကို မုဆိုးတွေထံမှ ဝယ်၍သော်လည်းကောင်း Gunတို့အပိုင်မြေဖြစ်သည့် ဧကတစ်ထောင်ကျယ်သော ခြံထဲတွင် မွေးမြူထားသည်။ ထိုသားကောင်တို့ကို Gunတို့အပိုင်ဝယ်ယူထားသော အလုပ်သမားများမှ ထိန်းသိမ်းရလေသည်။ အခုလည်း ထိုထိန်းသိမ်းသူများထဲမှ တစ်ယောက်ဖြစ်သည့် Clone မှာ ဆတ်ဖိုကြီး ပျောက်သွား၍ ဆိုင်သို့ လာရောက် အကြောင်းကြားခြင်း ဖြစ်လေသည်။

Vampire and his blood bag (Completed)Where stories live. Discover now