Part 13

6.5K 789 24
                                        

[Zawgyi]

၂၀၂၀ ၊ ဇွန်လ ၂၉ ရက်နေ့ ၊ တနင်္လာနေ့

ဦးမြတ်ကျော်ခေါင်အမှုအား သက်ဆိုင်ရာကို သတင်းမပေးခင် ၄ ရက်အလို ...

တစ်နေကုန် အဆက်မပြတ် တစွတ်စွတ်ရွာနေသော မေမြို့မိုးကြောင့် ပတ်ပတ်လည် အရပ်ရှစ်ခွင်လုံး အုံ့ဆိုင်းညို့မှိုင်းနေသည်။ တလိပ်လိပ်တက်နေတဲ့ မည်းနက်နက် တိမ်လိပ်မိုးသားတွေကြားကနေ တလက်လက်ထွက်လာတဲ့ လျှပ်စီးတွေက ကောင်းကင်တစ်ခွင်ကို လင်းခနဲ ဖြစ်သွားစေပေမယ့် တစ်ခဏတာ။ သက်ရှည်ပင်ကြီးတွေ အုပ်ဆိုင်းနေတဲ့ သော်ကမြိုင်ခြံဝင်းကြီးကတော့ မှောင်ရီပျိုးစ အချိန်မလို့ မိုးသံတွေ လေပြင်းတွေကြောင့်ကလွဲလို့ ငြိမ်သက်လှသည်။

'သွေးတွေ !!! သွေးတွေ ဟားဟား ဟား . သေ သေ ! သေစမ်း ... သေလိုက်တော့ . ငရဲကို အခုသွား !!! ဟ ဟ . သေပြီ . သေသွားပြီ'

ပြင်ပဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေပေမယ့် သော်ကမြိုင် စံအိမ်ကြီး အတွင်းမှာတော့ ထိုသို့မဟုတ်ခဲ့။ စံအိမ်ရဲ့ ဒုတိယထပ် အခန်းကျယ်တစ်ခုထဲကနေ ရူးရူးနှမ်းနှမ်းနဲ့ ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ မိန်းမတစ်ယောက်ရဲ့ အသံ။ ပြောရရင်တော့ စံအိမ်ရဲ့ ပိုင်ရှင် ဦးမြတ်ကျော်ခေါင်အခန်းထဲကနေ ထွက်ပေါ်လာတဲ့ ဒေါ်ရည်မွန်ရဲ့ သွေးပျက်ဖွယ် ရယ်သံနှင့် အော်သံတွေ။ သွေးညှီနံ့တွေ လှိုင်လှိုင်ထနေသည့် အခန်းတွင်းမှာတော့ ဒေါ်ရည်မွန်နှင့် ယောက်ျားတစ်ယောက်ရှိနေသည်။ ထိုယောက်ျားသားကတော့ သော်ကမြိုင်စံအိမ်ရဲ့ တစ်ဦးတည်းသော driver ရဲသူ ဖြစ်သည်။

ဒေါ်ရည်မွန်နဲ့ ရဲသူ မတ်တပ်ရပ်နေသည့် ဘေးက ကုတင်ပေါ်မှာတော့ သွေးသံရဲရဲနှင့် ပုံပျက်နေသည့် လောလောလတ်လတ် အလောင်းတစ်လောင်း။ ပုံဖမ်းလို့ မရတော့လောက်အောင် တစ်ကိုယ်လုံး ဓားရာဗလပွနှင့်ဖြစ်ကာ ပျက်စီးသေဆုံးနေသည့် သူကတော့ ဦးမြတ်ကျော်ခေါင်။ ဒေါ်ရည်မွန်ရဲ့ လက်ထဲမှာတော့ အသွား ၇ လက်မခန့် ရှိသည့် ဓားမြောင်တစ်ချောင်းက သွေးအလိမ်းလိမ်း။ ဒေါ်ရည်မွန်နဲ့ ရဲသူရဲ့ တစ်ကိုယ်လုံးမှာလဲ ဦးမြတ်ကျော်ခေါင်ရဲ့ ခန္ဓာကိုယ်ဆီကနေ ပေလာတဲ့ သွေးစက်တွေ သွေးကွက်တွေက ရဲရဲတောက်နေသည်။

Unconditionally [Completed]Where stories live. Discover now