[Zawgyi]
🚫 Warning:This part contains some gory words. So,read at own your risk. 🚫
၂၀၂၀ ၊ ဇွန်လ ၂၉ ရက်နေ့ ၊ တနင်္လာနေ့
ဦးမြတ်ကျော်ခေါင် အသတ်ခံရပြီးချိန်။
ဒေါ်ရည်မွန်နဲ့ ရဲသူတို့ ဦးမြတ်ကျော်ခေါင်ရဲ့ အလောင်းကို ခြံရဲ့အနောက်မှာ လက်စဖျောက်ပြီးတာနဲ့ အိမ်ထဲကိုပြန်လာတော့ မိုးတွေရွာနေတာကြောင့် နှစ်ယောက်လုံးစိုရွှဲနေသည်။ အိမ်ထဲကို ဝင်ဝင်ချင်း အိမ်ပေါက်ဝဆီကနေ လှေကားထစ်တစ်လျှောက်မြင်လိုက်ရတာက စောင်ထုပ်ကနေ ယိုစိမ့်ကျခဲ့တဲ့ သွေးစီးကြောင်းတွေနဲ့ ရဲသူရဲ့ ခြေရာတွေ။ သွေးတွေပေါ်ခြေချမိထားတာကြောင့် ခြေရာတွေကလဲ လှေကားကနေ ဝင်ပေါက်ထိရဲနေအောင် ရှိနေသည်။
'သွေးတွေ !'
'သွေးကြောင်မနေစမ်းနဲ့ ရဲသူ . လုပ်စရာရှိတာက အကုန်လက်စဖျောက်ရတော့မှာပေါ့ . အဟင်း လူတစ်ယောက်လုံးတောင် ရှင်းထုတ်ထားနိုင်သေးတာ . ဒီလောက်ကတော့ လုပ်ရဦးမှာပေါ့ . ကြားလား ရဲသူ !!!'
အဆုံးသတ်စကားမှာ မာသွားတဲ့လေသံကြောင့် ရဲသူ အယောင်ယောင်အမှားမှားနဲ့ ခေါင်းညိမ့်ပြလိုက်မိသည်။ ရဲသူကို စိုက်ကြည့်နေဆဲဖြစ်တဲ့ ဒေါ်ရည်မွန်ကတော့ သဘောကျသလို တစ်ချက်ရယ်ပြီး မျက်နှာလွှဲသွားကာ ပေကျံနေတဲ့ ကြမ်းပြင်တစ်လျှောက်နဲ့ လှေကားထစ်တွေကို လိုက်ကြည့်နေသည်။ အပြင်မှာရွာနေတဲ့ မိုးကြောင့်ရော မီးရောင်မှိန်မှိန်သာထွန်းထားတဲ့ အိမ်ထဲမှာ လျှပ်စီးလက်တဲ့အလင်းတွေကပါ စိတ်ခြောက်ခြားဖွယ်။ ပြတင်းပေါက်တွေလုံနေအောင်ပိတ်ထားတဲ့ အိမ်ကြီးထဲက ကြမ်းပြင်မှာ ပမာဏများတဲ့ သွေးကွက်တွေ သွေးစီးကြောင်းတွေ ညစ်ပေနေတာကြောင့် သွေးညှီနံ့က လှိုင်လှိုင်ထနေသည်။ ဒေါ်ရည်မွန်က မသတီသလိုနဲ့ နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း စိုရွှဲနေတဲ့ ထဘီကို လက်နဲ့အသာ မ ကာ အိမ်ထဲလှမ်းဝင်သည်။
'စောက်အဖိုးကြီး ! သေတာတောင် စောက်ဒုက္ခခံရဦးမယ် . အိုးးး မေ့သွားတယ် . ဒုက္ခခံရအောင် ငါပဲ လုပ်ခဲ့တာလေနော် . အဲ့တော့ ဒုက္ခခံရလဲ အခုချိန်လေး ခဏပေါ့ . ပြီးရင် အခုခံရတဲ့ ဒုက္ခတွေနဲ့ ဘာမှမဆိုင်တဲ့ စည်းစိမ်တွေကို ငါရမှာလေ'
![](https://img.wattpad.com/cover/234289508-288-k382417.jpg)