Part 32

4.8K 638 18
                                    

[Zawgyi]

"အကြောင်းမကြားပဲ ရုတ်တရက်ရောက်လာတာမလို့ အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် ... ကျွန်တော်တို့လဲ တာဝန်ဝတ္တရားအရ မေးမြန်းစရာလေးတွေရှိနေလို့ပါ"

"ဟုတ်ကဲ့ ... အကြာကြီးမဟုတ်ရင်တော့ အနှောက်အယှက်မဖြစ်ပါဘူး"

"ဒါကတော့ ကျွန်တော်တို့ မေးစရာရှိတာလေးတွေ စစ်မေးရုံပဲမလို့ အချိန်ကြာရင်လဲကြာမှာပါ ညီမ ... ကျွန်တော်တို့က အလကားလာတာ မဟုတ်ပါဘူးဗျ ... ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ်"

"လင်းသွေးငယ် ~"

တာဝန်အရ စစ်ဆေးမေးမြန်းဖို့ကို မဟာက အေးအေးဆေးဆေးရှင်းပြပေမယ့် လေသံမာနေတဲ့ မိန်းမငယ်လေးကြောင့် လင်းသွေးကလဲ မနေနိုင်စွာ ကြားကနေဝင်ပြောမိသည်။ လင်းသွေးစကားက နည်းနည်းမာတာမလို့ မဟာက တားကာ မပြောနဲ့ဆိုတဲ့ပုံစံနဲ့ ခေါင်းအသာရမ်းပြသည်။ ပုံမှန်ဆို လေသံမမာသင့်တာ လင်းသွေးနားလည်မှန်း မဟာသိပေမယ့် စုစုလေသံလာမာတာ ခံနေရတဲ့သူက မဟာဖြစ်နေတာကြောင့် သည်းခံနိုင်သည့်ပုံမပေါ်။ မဟာတားလိုက်မှသာ မသိမသာနဲ့ ဆူပုပ်ပုပ်လုပ်ပြီး ရပ်ဘတ်အိပ်ကပ်ထဲက မှတ်စုစာအုပ်လေးကိုထုတ်ကာ လိုက်မှတ်ဖို့ပြင်သည်။

"အစ်ကိုတို့ စက်ရုံဘက်ကိုရောက်တော့ ညီမက အလုပ်ထွက်သွားတာမျိုးမဟုတ်ပဲ အလုပ်မလာတော့တာ ကြာပြီဆိုလို့ပါ ... ဘာလို့များလဲ"

"ဘာမှမဟုတ်ပါဘူး ... အလုပ်က ထွက်လိုက်ပြီ ... အလုပ်မလာတော့တာကြာနေရင် ထွက်လိုက်လို့မလာတော့ဘူးဆိုတာ သူတို့သိရမှာပေါ့"

"အယ်"

စုစုရဲ့စကားကြောင့် မဟာ့ရဲ့မျက်နှာက အလိုမကျသလိုဖြစ်သွားသလို ဘေးနားက လင်းသွေးကလဲ နားထောင်နေရင်း အင်ခနဲတောင်ဖြစ်သွားသည်။ ဘယ်လိုတောင် လေးစားမှုမရှိတာလဲတော့မသိ။ အလုပ်ကိုလုပ်ချင်တဲ့အခါလုပ်ပြီး ထွက်ချင်တိုင်းထွက်လို့ရသည့် ဇရပ်ထင်နေပုံပေါ်သည်။ စရိုက်ဆန်ပြီး စည်းမရှိကမ်းမရှိနိုင်ပုံကို လင်းသွေးမှာ စိတ်အပျက်ပျက်နဲ့ အောချရသည်။

"အဲ့လိုလဲမဟုတ်ဘူးလေ ညီမရဲ့ ... အလုပ်ကိုတော့ လေးစားမှုရှိရတယ်လေ ... ညီမရဲ့အလုပ်က သူငယ်ချင်းတွေတောင် ပြောနေတာ ... ညီမအလုပ်မလာတော့ သူတို့ညနေကျရင် လာတွေ့မယ်ဆိုတဲ့အကြောင်း"

Unconditionally [Completed]Where stories live. Discover now