[Zawgyi]
"စခန်းထဲမှာ စောက်ခြောက်ကောင်တွေ ရှိနေတာ စခန်းနစ်နာလိုက်တာ"
"ဟမ် ... ဘယ်သူလဲ မြင့်မောင်ရ"
"ရဲအုပ်တို့ စောက်ခြောက်အဖွဲ့ကွာ ... ကျားကျားလျားလျားတွေ ရာထူးအရာခံတွေနဲ့ လေးစားလိုက်ရတာ ... စောာက်ခြောက်တွေဖြစ်နေတာ ... ထွီ ! ရွံစရာကောင်တွေ"
"အာ ... ဟေ့ကောင် . မင်းအဲ့လိုတော့ မပြောနဲ့ကွာ ... သူတို့ဘာသာ ဘာဖြစ်ဖြစ် သူတို့က ဘာလုပ်နေကြလို့တုန်း ... အလုပ်လုပ်တာလဲ တော်တယ် ထက်တယ် ... ပြီးတော့ ငါတို့အထက်လူကြီးကွ ... မင်းပြောသလို ခြောက်နေရင်တောင် ဘာရွံစရာရှိနေလို့တုန်း"
"မင်းဘာနားလည်လို့တုန်း ... ဟိုတစ်နေ့က ငါက သူတို့ရုံးခန်းထဲ အမှုတွဲဖိုင်တွေ သွားပို့တာ တစ်ယောက်နဲ့တစ်ယောက် ဖက်နေကြတယ်လေ ... ယောက်ျားချင်းကြီးကွာ ... ရွံစရာ"
"မြင်နေရင်လဲ မြင်တယ်မှတ်ကွာ ... ကိုယ့်အလုပ်မှ မဟုတ်တာကို"
ဇေယျာခန့်တစ်ယောက် ညအိပ်ခါနီး ခြေလက်သန့်စင်ပြီး အိမ်သာဝင်နေတုန်း အပြင်က တစ်ခြားတပ်သားနှစ်ယောက်ရဲ့ အသံကို အတိုင်းသားကြားနေရသည်။ စခန်းက လူပျိုဆောင်မှာ ရေချိုးခန်းအိမ်သာက တွဲရက်သီးသန့်ရှိထားတာမလို့ ခြေလက်ဆေးရင်း ပြောဆိုနေသံတွေကြောင့် ဇေယျာခန့် ခေါင်းရမ်းမိလိုက်သည်။ လူဖြစ်တာချင်းအတူတူ ဉာဏ်ရည်မဖွံ့ဖြိုးသည့် လူတစ်ချို့ကြောင့် ကိုယ့်ချစ်သူက ယောက်ျားတစ်ယောက် ဖြစ်နေတာနဲ့တင် ရွံစရာဖြစ်နေရသေးသည်။
"မင်းပဲစဉ်းစားကြည့်ကွာ ... ယောက်ျားအချင်းချင်း"
"ကဲ ! တော်ပါတော့ကွာ ... ကိုယ်နဲ့လဲ မဆိုင်တာကို ... သူများကိုသွားဝေဖန်မနေနဲ့ ... ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာ"
တဖြည်းဖြည်းနဲ့ ဝေးကွာသွားပြီး တိုးသဲ့သဲ့သာ ကြားရတော့တဲ့ အသံတွေကြောင့် စကားပြောနေတဲ့ နှစ်ယောက်ထွက်သွားပြီဆိုတာ ဇေယျာခန့်သိလိုက်သည်။ အဲ့ဒီတော့မှ အိမ်သာထဲကနေ ထွက်လာကာ သက်ပြင်းမောချမိသည်။ ခေတ်ကြီးက တိုးတက်ပြောင်းလဲနေသော်လည်း မတိုးတက်လာသေးတဲ့ ဦးနှောက်တွေကတော့ ရှိနေတုန်း။ ဘာပဲဖြစ်ဖြစ် မနက်ကျမှ လင်းသွေးကို အနေအထိုင် ဆင်ခြင်ဖို့ တိုးတိုးသာသာ သတိပေးသင့်တယ်လို့သာ ဇေယျာခန့် တွေ့ထားလိုက်သည်။