Part 42

4.9K 564 65
                                    

[Zawgyi]

"ရုံးချိန်းသွားတာ ဘာလို့ကျွန်တော့်ကို မခေါ်တာလဲ"

"အာပေတူးရာ ... မရစ်နဲ့လေကွာ ... မနှင်းက ဌာနအပြောင်းအလဲကြောင့် ယောင်ချာချာဖြစ်နေတာနဲ့ ကိုယ်လဲ ခေါ်သွားလိုက်တာလေ ... ပြီးတော့ ငယ်မှမအားပဲကို"

"ကျွန်တော်မအားလဲ ဖုန်းဆက်ခေါ်လို့ရတယ်လေ ... ဦးမဟာနဲ့လိုက်ဖို့ဆို ကျွန်တော်ဘယ်တုန်းက အလုပ်မအားလို့ဆိုပြီး ငြင်းဖူးလဲ ပြော"

မဟာထူးမြတ်ရဲ့ ရုံးခန်းထဲမှာ မဟာနဲ့ လင်းသွေးနဲ့ ခပ်ကြိတ်ကြိတ်စကားများနေကြသည်။ အင်ကြင်းရဲ့ အမှုကို ရုံးတင်ထားပြီဖြစ်တာကြောင့် ရုံးချိန်းတွေနဲ့တင် မဟာတို့ အလုပ်များရသည်။ အရင်ရုံးချိန်တွေမှာ မဟာနဲ့ လင်းသွေးက တက်ပေမယ့် ဒီတစ်ပတ်ရုံးချိန်းမှာ ဌာနကို ဒုရဲအုပ်ရာထူးနဲ့ အသစ်ပြောင်းလာတဲ့ မနှင်းဝေဆိုသော အမျိုးသမီးကို လင်းသွေးငယ်အစား ခေါ်သွားမိရာမှ ပြဿနာက အစပြုသည်။

"ကိုယ်ပြောတယ်လေ ငယ်လေးရာ ... မနှင်းက ..."

"အဲ့လိုခေါ်လဲ ကျွန်တော်လိုက်လို့မရဘူးလား ... သူပါလဲ ကျွန်တော်လိုက်လို့မရဘူးလား"

"တော်တော့ လင်းသွေးမြတ် ! မင်းဘယ်လိုဖြစ်နေတာလဲ ... လုပ်ငန်းခွင်မှာ ရင့်ကျက်သင့်သလောက် ရင့်ကျက်စမ်းပါ ... တရားရုံးသွားတာ ပျော်ပွဲစားမဟုတ်ဘူးကွ ! တစ်အုပ်တစ်မကြီး ရုံးတက်စရာမလိုလို့ပေါ့"

"အော်တယ် ~ ကိုကိုက ကျွန်တော့်ကို အော်တယ်ပေါ့ ... ဒီဟာလေးပြောမိတာကိုလေ"

ဒေါသတွေ ပါလာတာကြောင့် ခပ်ကြိတ်ကြိတ် ရန်ဖြစ်နေရာကနေ မဟာ့အသံကကျယ်လာသည်။ ဒေါသကြောင့် လင်းသွေးငယ်ကို အော်မိသွားတော့ ချက်ချင်းလိုလို မျက်ဝန်းတွေဆီကနေ ဝေ့ဝဲတက်လာတဲ့ မျက်ရည်စတွေနဲ့ လင်းသွေးငယ်က မဟာ့ကို မေးခွန်းထုတ်လာသည်။ အသံက အက်ကွဲကွဲဖြစ်နေတာကြောင့် အော်မိသွားတာမလို့ မှားသွားမှန်းတော့ မဟာ သိလိုက်ပါသည်။

"ငယ်လေး ~ ကျစ် ! ကိုယ်ပြောတာက လုပ်ငန်းခွင်မှာမလို့ ငယ်လေးကို သတိထားဖို့ ပြောတာပါကွာ ... ခုလို ရုံးချိန်းသွားတာလဲ ဘာဖြစ်လို့လဲ ငယ်လေးရယ် ... မဆိုးပါနဲ့ ... ကိုယ့်ငယ်လေးကို ဘယ်သူကမှ အပြစ်မပြောစေချင်ဘူး ... ကလေးမဆန်ရဘူးလေ"

Unconditionally [Completed]Where stories live. Discover now