[Zawgyi]
နေ့လည်ထမင်းစားနားချိန်ဖြစ်တာကြောင့် မဟာတို့ စခန်းတစ်ခုလုံး တိတ်ဆိတ်နေသည်။ နေ့လည်စာအတွက် စိုးသိန်းက စခန်းရှေ့က ဆိုင်ကနေဝယ်လာပေးတာကြောင့် သုံးယောက်သား မဟာထူးမြတ်ရဲ့ ရုံးခန်းထဲမှာပဲ စားဖြစ်ကြသည်။ စိုးသိန်းကလဲ သူ့အလုပ်နဲ့သူရှိသေးတာမလို့ နေ့လည်စာ စားပြီးသည်နှင့် ရုံးခန်းထဲကထွက်သွားသည်။ မဟာလဲ လုပ်စရာတွေရှိနေသေးတာကြာင့် အလုပ်စားပွဲဆီပြန်လာကာ ဖိုင်တွေကိုကြည့်နေသည်။ ထမင်းစားပြီးတာကြောင့် ဘာလုပ်စရာမှမရှိတဲ့ လင်းသွေးကတော့ မဟာထူးမြတ်ရဲ့ အလုပ်စားပွဲရှေ့က ဆိုဖာပေါ်ထိုင်ရင်း ငိုက်စပြုလာသည်။ ငိုက်ငိုက်ကျလာတဲ့ခေါင်းကို လင်းသွေးက ထိန်းထားရင်း ဟန်မပြတ်ထိုင်နေသည်။
'မင်းအိပ်ချင်ရင် အိပ်ပြန်အိပ်လေ လင်းသွေးမြတ် . ပျင်းနေတယ်မလား . ပြောသာပြောတာ ကားမောင်းတတ်လား'
'ဟင့်အင်း'
ငိုက်နေတဲ့လင်းသွေးက မဟာထူးမြတ်ရဲ့ အသံကြောင့် ခေါင်းထောင်လာသည်။ ကားမမောင်းတတ်ပုံရတဲ့ လင်းသွေးကတော့ မဟာ့ရဲ့ စကားအဆုံးမှာ ခေါင်းသာရမ်းတော့သည်။
'အိပ်ချင်ရင် ဆိုဖာပေါ်အိပ်ကွာ . ငိုက်မနေနဲ့'
'ရုံးခန်းကြီးဆိုတော့ အိပ်နေရင် မြင်မကောင်းလို့ပါ ဦးမဟာရဲ့'
'အေး အဲ့တာဆို လှုပ်လှုပ်ရှားရှား လမ်းလေးဘာလေးလျှောက်လေ . ထမင်းစားပြီးတာ ထိုင်နေရင်တော့ ငိုက်မှာပဲ'
'ဟုတ်ကဲ့'
မဟာထူးမြတ်ရဲ့ စကားကို နားထောင်ပြီး လင်းသွေးက ထိုင်ရာကနေထသည်။ ရုံးခန်းထဲမှာတင် ဘယ်လျှောက်လိုက် ညာလျှောက်လိုက်နဲ့ နံရံပေါ်မှာ ကပ်ထားတဲ့ ကျင့်ဝတ်တွေ ကတိသစ္စာတွေ ဆောင်ပုဒ်တွေကို လိုက်ဖတ်နေသည်။ မဟာလဲ လုပ်စရာတွေ အောတိုက်ပုံနေတာကြောင့် လင်းသွေးကို မကြည့်တော့ပဲ လက်ထဲက ဖိုင်တွေကိုပဲ ပြန်ငုံ့ကြည့်နေလိုက်သည်။ မဟာ့ရဲ့ ရုံးခန်းထဲမှာ စုမှူးလောင်းသင်တန်းတက်တုန်းက ပုံတွေချိတ်ထားသေးတာကြောင့် ဓာတ်ပုံတစ်ပုံချင်းစီကိုလည်း သေချာကြည့်သေးသည်။
