Part 23

5.9K 711 22
                                    

[Zawgyi]

မီးသင်္ဂြိုလ်စက်ထဲကို တွန်းထည့်သွားတဲ့ အလောင်းတစ်လောင်းကို မြင်ကွင်းထဲကနေ မပျောက်မချင်း လင်းသွေး လိုက်ကြည့်နေမိတာ မီးသင်္ဂြိုလ်စက်ရဲ့ တံခါးပိတ်မသွားခင်အထိ။ အရာအားလုံးက ပြီးဆုံးသွားပြီလို့လဲ ခံစားလိုက်ရသည်။ ဖွဲပေမယ့် သည်းနေတဲ့မိုးကြောင့် လင်းသွေး ဇရပ်ထဲမှာ ရပ်နေရင်းကနေ တစ်လှမ်းမှမရွေ့မိ။ ဘေးမှာ မဟာထူးမြတ်နဲ့ ကိုစိုးသိန်းတို့က အတူရပ်စောင့်ပေးနေပေမယ့် လင်းသွေး စကားပြောချင်စိတ်လဲမရှိ။ တစ်ချိန်က နူးညံ့တဲ့မိခင်အဖြစ် လင်းသွေးချစ်ခင်ရတဲ့ ဒေါ်ရည်မွန်ရဲ့ အဆုံးသတ်က ဒီလိုတဲ့လေ။

လင်းသွေးနဲ့ ဒေါ်ရည်မွန်နောက်ဆုံးစကားပြောပြီးကြတဲ့ ညမှာတင် အော်ဟစ်သောင်းကျန်းကာ ကျန်ရစ်ခဲ့တဲ့ ဒေါ်ရည်မွန်က အချုပ်ခန်းထဲပြန်ရောက်သည်အထိ ရုန်းကန်ကာ အော်ဟစ်သောင်းကျန်းဆဲ။ အော်ဟစ်နေရင်း ရုန်းတရက်တိတ်ဆိတ်သွားသည့် ဒေါ်ရည်မွန်ကို ထူးဆန်းလို့ စစ်ဆေးကြည့်လိုက်တော့မှ အချုပ်ခန်းထဲက ကြမ်းပြင်ပေါ်ငြိမ်သက်ပြီး လဲကျနေသည်ကို အချုပ်ခန်းစောင့်ရဲသားလေးက မဟာ့ကို အပြေးအလွှားလာပြောမှ အသက်မဲ့နေသည့် ဒေါ်ရည်မွန်ရဲ့ ခန္ဓာကိုယ်။ နဂိုသွေးတိုးအခံရှိပုံရသည့် ဒေါ်ရည်မွန်က ရုတ်တရက်သွေးဆောင့်တက်ကာ ဦးနှောက်သွေးကြောပြတ်သွားခြင်း။ တကယ်ကို ငြိမ်ငြိမ်သက်သက်နဲ့ ပြီးဆုံးသွားခဲ့သည်။ လင်းသွေးကပဲစပြီး အမှုကိုပိတ်သိမ်းကာ မိခင်ဖြစ်သူကိုတော့ဖြင့် မိခင်အရင်းမဟုတ်ပေမယ့် ကောင်းကောင်းတော့ သင်္ဂြိုလ်ပေးခဲ့သည်။

'ပြန်ရအောင် လင်းသွေးမြတ်´

'အင်းလေ ပြန်ရအောင် လင်းသွေး . မိုးလေးနည်းနည်းစဲတုန်းပြန်ရမှာ´

'လင်းသွေး ... လင်းသွေးမြတ် !!!´

မဟာနဲ့ စိုးသိန်းက ဘေးကနေ စကားပြောလာပေမယ့် တုန့်ပြန်မှုမရှိသည့် လင်းသွေးကြောင့် မဟာ့ရဲ့ ခေါ်သံက ပိုကျယ်လာသည်။ မီးသင်္ဂြိုလ်စက်ရဲ့တံခါးကိုသာ စိုက်ကြည့်ပြီး ငြိမ်သက်နေသည့် လင်းသွေးရဲ့ပုံစံက ဦးမြတ်ကျော်ခေါင်ရဲ့ အလောင်းကို မြင်ပြီးမေ့လဲသွားတုန်း ဆေးရုံမှာသတိရလာတဲ့ ပုံစံအတိုင်းပြန်ဖြစ်နေသည်။ မဟာက လင်းသွေးကို ခေါ်ရင်း ပုခုံးနှစ်ဖက်ကိုကိုင်ကာ ခပ်ကြမ်းကြမ်းဆွဲလှုပ်တော့ အသက်မပါတဲ့ လင်းသွေးရဲ့ ဗလာမျက်ဝန်းတွေက မဟာထူးမြတ်ဆီ ရွေ့လာသည်။

Unconditionally [Completed]Where stories live. Discover now