Intro 1

2.8K 88 7
                                    

Zawgyi also Available.⬇️⬇️

ညဉ်ဦးယံမို့
ပြင်ပ ပတ်ဝန်းကျင်နဲ့လမ်းမတွေဟာလည်း လူသူအသွားအလာမဲ့ တိတ်ဆိတ်ငြိမ်းချမ်း
နေသော်လည်း မအေးချမ်းနိုင်သည်က စိတ်ဆိုးဒေါသထွက်နေသည့်နှယ်
သဲသဲမဲမဲရွာကျသော
မိုးစက်မိုးပေါက်များ။

ဒီလို ညဖက်မျိုးမိုးရွာရင် နှစ်နှစ်ခြိုက်ခြိုက်
လူတွေအိပ်စက်ကြတယ်မလား။
ဒါမဲ့သူကတော့ ညဖက်မိုးရွာတာမျိုးမကြိုက်
ခိုနားရာမဲ့တဲ့ အိမ်ခြေမဲ့ လူတန်းစားမျိုး
တွေအတွက် အိပ်စက်မှေးခိုစရာ နေရာ လုံလောက်ရဲ့လား ၊မိုးခြိမ်းသံကြောက်တဲ့
ကလေးတွေအတွက်ရော နွေးထွေးတဲ့ရင်ခွင်
တစ်စုံရှိရဲ့လား ၊သူတွေးပူမိနေတယ်။
ပြီးတော့ 
ဒီလို အေးစက်တဲ့မိုးရာသီမှာဆိုလည်း
ချစ်ရသူကသူ့အပေါ်အေးအေးစက်စက်ထပ်
ဆက်ဆံနေဦးမှာလား။
အမှန်အတိုင်းဝန်ခံရင်သူမိုးရာသီကိုမနှစ်သက်
မိုးရေကအေးသလို၊။
ချစ်ရသူက လည်းသူ့အပေါ်သွေးအေးတာမို့။

စိတ်ထဲကတော့ ထိုင်းမှိုင်းနေသလို
အပြင်မှာ မြူတွေကလည်းဆိုင်းနေ​၏။
မိုးလေပြင်းတဲ့ညပါလား။

ဟုတ်တာပေါ့ ။ချစ်ရသူမွေးနေ့ရှိတဲ့ Julyလပဲ။
ဒီညက ဒီလအတွက် အတော်လေး
လေပြင်းတဲ့ညလို့တောင်ပြောလို့ရတယ်။

လေထုကအေးစိမ့်နေလွန်းသော်လည်း
သူ့ရင်ထဲကတော့ ပူနေမိသည်။
ဒါလည်းကော်ဖီ အသောက်များလို့ပဲ
နေမှာပါလေ။

လျှပ်စီးဝင်၍ ရှော့စ်ဖြစ်ပြီး
မီးပျက်သွားသောကြောင့်သူ့မှာ
ဖယောင်းတိုင်တစ်တိုင်နဲ့။

အိမ်တစ်လုံး သူရှိရာအခန်းမှလွဲရင်
ကျန်တာအမှောင်အတိ။

"ဒီလို ညမျိုးမှ မီးထပျက်ရလားကွာ"

သူ လမ်းလျှောက်ကာ
ခဏအညောင်းဖြေရင်း ပြတင်းပေါက်
အပြင်ဘက်ကိုငေးကြည့်မိတယ်။
မိုးရေထဲ တထီးတည်းဖြစ်နေတဲ့

မှိတ်တုတ်မှိတ်တုတ်
လမ်းမီးတိုင်လေးကလွဲရင်
လမ်းပေါ် အမှိုက်တစတောင်မရှိ။

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Where stories live. Discover now