37

105 15 2
                                    

ညနေ နေဝင်ချိန် ဆည်းဆာက
သိပ်မွေ့နူးညံ့လွန်း​၏။
သစ်ရွက်တွေက တလွင့်လွင့်ကြွေကြကာ
တောင်လေရူးကလည်း အေးစိမ့်လှသည်။
အ​ရှေ့က ရေပြင်ကျယ်ကြီးကလည်း
​နေရောင်ကြောင့် မည်းနက်နေသည်။

ခပ်မှိုင်းမှိုင်း မိုးကောင်ကင်ကြီးသည်
ပုစွန်ဆီရောင်ပြေးသန်းသွားလျက်....
နေရောင်ခပ်စူးစူးက မျက်လုံးများ ကျိန်းစပ်
လာသည်အထိ မျက်စိထဲ တိုးဝင်လာသည်။

မြက်ခင်းပြင်ကျယ်စိမ်းစိမ်းကြီးပေါ်
ပြေးလွှား ကစားနေသောကလေး ငယ်တဦး ။
ပါးချိုင့်ရေးရေးလေးတွေ​ပေါ်သည်အထိ ရယ်မောပျော်ရွှင်နေကာခုန်ပေါက်ကစား
နေခဲ့သည်။

ထိုမြူးထူးနေသော ကလေးလေးရဲ့ဘေးတွင်
ထိုင်နေသော အမျိုးသမီး တစ်ယောက်။
လက်ထဲတွင်သိုးမွေးချည်တခုကို ထိုးနေသည်။
သို့သော် သူမရဲ့ အာရုံက
ထို အလုပ်ပေါ်တွင်မရှိနေ။
တွေဝေ ငေးမောကာ
အကြည့်တွေကာရီဝေလွန်းလှသည်။

အဝေးကကြည့်နေရင်တောင် သူမရဲ့
အသွင်အပြင်က ဝမ်းနည်းစရာကောင်းသလိုလို။

"မေမေ "

ရှေ့က ကလေးလေးက
ရုတ်တရက် သူ့အမေနား
ပြေးကာ ပါးလေးကို လက်သေးသေးတွေနဲ့
ထိကိုင်လိုက်တော့မှ......

"ဟေ သားလေး"

ပျံ့လွင့်နေသော သူမရဲ့ စိတ်အစဉ်က ထိုအသံလေးပြန်လည်ပေါင်းစည်းလာခဲ့သည်။

"မေမေဘာတွေ ငေးနေတာလဲဟင်"

ကလေးလေးက သူ့အမေရဲ့ မျက်နှာ အနှံကို
ပွတ်သတ်ပေးရင်း အသံသေးသေးလေးနဲ့
မေးခွန်းလေးတွေမေးလာခဲ့သည်။

"ဘာမှမတွေးပါဘူးသားရယ်"

သူမရဲ့ အဖြေကို ကလေးလေးက
စိတ်ကျေနပ်ပုံ မပေါ် အလိုမကျဟန်လေးနဲ့...

"ဖေဖေ မေမေ့ကို ဘာလုပ်လို့လဲဟင်။
ဖေဖေ့ကြောင့် မေမေစိတ်ညစ်နေရတာလား။
သားကိုပြောနော် ။မေမေ
သား ကာကွယ်ပေးမယ်သိလား"

နူတ်ခမ်းလေးဆူကာပြောရင်း လက်သေးသေးလေးတွေက သူမရဲ့ ဗိုက်ကလေးဆီ
ဦးတည်လာသည်။

"မေမေစိတ်မကောင်းမဖြစ်နဲ့။
မေမေ ဝမ်းနည်းနေရင် အထဲက ညီလေးရော
ဝမ်းနည်းနေမှာပေါ့ နော်"

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Onde histórias criam vida. Descubra agora