44

200 16 0
                                    

8 Months Later......

ပန်းခြံရဲ့ ခုံတန်းလျားလေးပေါ်
ခြေထောက်လေးချိတ်ကာထိုင်နေတဲ့
ကောင်လေးတစ်ယောက် ။

ခါးကိုမတ်မတ်ထား၍ထိုင်ကာ မျက်မှန်အဝိုင်းလေးကို ပင့်တင်ရင်း လက်ထဲက စာအုပ်ကို
စိတ်ဝင်တစား ဖတ်ရူနေသည်။

နွေဦးဖြစ်သော်လည်း
မနက်ခင်းစောစောရဲ့ လေအေးအေးကြောင့်
နှာဖျားလေးတွေ နီရဲနေခဲ့သည်။

ပြင်သစ်နိုင်ငံရဲ့ မထင်မရှားတောင်ပေါ်
မြို့လေးမှာ သူ အခြေကျခဲ့သည်မှာ
8 လကျော်ကျော် ရှိခဲ့ပြီ။
ရာသီ ဥတု မျှတတဲ့ ဒီမြို့လေးမှာ သူ
အခြေကျဖို့ မခဲရင်းခဲ့။

​သူ ပန်းချီသင်တဲ့ Studio မှာ
မြန်မာက အလုပ်သင် ဆရာမလေးတဦး
ရှိနေတော့ ထင်ထားတာထက်ပို၍အဆင်ပြေ
ခဲ့သည် ။မပြေတာက တခုက
ရင်ထဲဟာတာတာ ဖြစ်နေကာ
တစုံတယောက်ကို လွမ်းမိနေခြင်း။

​လေ့တချက်အဝှေ့ကြောင့် သစ်ပင်ပေါ်က
အဝါရောင့်ရောင် သစ်ရွက်တွေက ကြွေကျ
လာရသည်။

တခုသော သစ်ရွက်ဝါလေးက လေနဲ့အတူ
လွှင့်ပါလာရင်း သူဖတ်နေတဲ့ စာမျက်နှာပေါ်
ကျလာတော့......

မျက်နှာထက်ဝယ် အပြုံးတခု ဖန်ဆင်းကာ...

သစ်ရွက်လေးကို ကြားညှပ်ခံရင်း
စာအုပ်ကို ပိတ်ချလိုက်သည်။

ထိုနောက် ဘေးပတ်ဝန်းကျင်ကိုကြည့်
လိုက်သော  အပေါ်က ကျလာသော
သစ်ရွက်တွေကို ဖမ်းတိုင်းဆော့နေသော
ကလေးမလေးတဦး။

သူလည်း ထိုင်ရာမှ ထကာ ထိုကလေးမလေးနား တိုးသွားရင်း အနီးရောက်တော့....

" Bonjour "

သူ့ မျက်လုံးလေးတွေမှိတ်သွားသည်အထိ
​ရီပြရင်း ပြင်သစ်လိုနူတ်ဆက်တော့
ကလေးမလေးကပြာလဲ့လဲ့ မျက်လုံးများ
နဲ့မော့ကြည့်လာသည်။

"မင်ဂလာပါ"

ကလေးမလေးက သူ့ကို မပီတပီနဲ့
မြန်မာလို ပြန်နူတ်ဆက်တော့ အံ့ဩသွားသည်။

ထိုနောက်စာအုပ်ထဲက သစ်ရွက်ဝါလေးကို
ကောင်မလေးလက်ထဲ ထည့်ပေးလိုက်တော့
သွားတန်းလေးပေါ် သည်အထိ သူ့ကို
ခပ်ရွှင်ရွှင်ပြုံးပြကာ လက်ထဲက 
သစ်ရွက်လေး လေပေါ် မြှောက်တင်ရင်း
အဝေးကို ထွက်သွားခဲ့သည်။

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Where stories live. Discover now