မိုးခါးရေ ဒိုင်ယာရီ(၁)

178 22 4
                                    

ဒီနေ့
အကို့အခန်းဆီ ပြောင်းပြီးနေရတဲ့ပထမဆုံးနေ့။

အကိုနဲ့ ကျွန်တော်တူတူ နေရမဲ့ အခန်း
နံပါတ်က 035တဲ့။
သုံးထပ်မြောက်ရဲ့ထောင့်စွန်းခန်းမို့
နေရောင်ခြည် ကောင်းကောင်း ရကာ
တခြား အခန်းတွေထက်လည်း ပို၍
ကျယ်ဝန်းတယ် ။အခန်းထဲ ဝင်ဝင်ချင်း
နှာခေါင်းထဲ အီလည်လည်ရှိတဲ့ ပန်းရနံ့ကြောင့် ခေါင်းက တချက်ထိုးကိုက်သွားသည်။

သိပ် အလိုက်သိတတ်တဲ့အကိုက
ကျွန်တော့ မျက်နှာ တချက်ပြောင်းသွားသည်
ကို ဘယ်လိုမြင်လိုက်လဲတော့ မသိ။
ဆောရီးနော် မိုးခါး အကိုက အခန်းထဲ
ရေမွှေး ထည့်နေကျမို့လို့ပါတဲ့
ရိုရိုကျိုးကျိုးလေးပြောလာသည်မ်ို့။
ကျွန်တော့်မှာ အားတုံ့အားနာဖြစ်ရပြန်သည်။
အကို့ အခန်းပဲဟာ ။အကိုကြိုက်သလို
စီစဉ်ပါဆိုတော့ အကိုက မျက်လုံးလေးတွေ
ပိတ်သွားသည်အထိ ရီပြကာ
အခု မင်းရော ရောက်လာတော့
မင်းလည်းပိုင်သွားပြီလေတဲ့။
အကို စကားတခွန်းဆိုလည်း တခွန်းအတိုင်း
ကျွန်တော်ရင်ထဲ အပူလိုင်းများဖြတ်သွား
သလို တလှပ်လှပ်ဖြစ်ရသည်။
စကားပြောရင်တလုံးချင်းစီကိုသေသေချာချာ
ပြတ်ပြတ်သားသားပြောတတ်ကာ
အပိုအလိုမပါပဲ လိုအပ်သည့်စကားလုံးကို
သာ သေချာရွေးချယ်ပြီးပြောတတ်တာက
အကို့ရဲ့ ဆွဲဆောင်မှုတွေထဲက တခုပင်။
ဒီလို လူမျိုးနဲ့ တနှစ်လုံးနီးပါး
ဘယ်လိုရှေ့ဆက်ရပါ့မလဲဆိုတာ ကျွန်တော်
ခေါင်းထဲ တွေးမိလာပြန်တယ်။

ဒါ ဘာအနံ့လေးလဲလို့
ကျွန်တော်ပြန်မေးတော့အကိုက

"လာဗင်ဒါပန်းအနံ့လေတဲ့"

လာဗင်ဒါ ဆိုသည့် ပန်းမျိုးအကြောင်း
ကျွန်တော် မနက်ဖြန် စာကြည့်တိုက်ထဲသွား
ရှာဖတ်ကြည့်ဦးမည် ။အက်ို့အကြိုက်ပန်းမျိုးက ဘယ်လိုပုံပန်းသဏ္ဌာန်ရှိမလဲဆိုတဲ့
ကျွန်တော်ရဲ့ သိချင် စိတ်များပြင်းပြလာသည်။

အခန်းက ပုံမှန် အခန်းထက်ပိုကျယ်ကာ
ဝရန်တာလည်းပါသည် ။ဝရန်တာမှာ
ပန်းအိုးအခွံတွေ ချထားတာကိုမြင်တော့
ဒါ အကို့ထက် အရင် နေသွားတဲ့ကျောင်းသား
က ထားပေးခဲ့တာလေ အကိုက ဂရုမစိုက်နိုင်
ရင် ပန်းတွေ ညှိုးခြောက်ကုန်မှာစိုးလို့
​ပန်းအိုးအလွတ်ကြီးပဲ ထားလိုက်တာတဲ့။
အမေးမရှိပေမဲ့ အကိုက ဖြေသည်။

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Where stories live. Discover now