35

149 16 4
                                    

"နွယ်စိမ်း သားဒီကို ခဏလာပါဦး"

နွယ်စိမ်း ကျောင်း ကအပြန် အခန်းထဲဝင်မယ်
အလုပ် ဧည့်ခန်းထဲက ဦးထွန်းထိပ်ရဲ့
အသံကြားတော့....

"ဟုတ်ကဲ့ အဖေ"

ဦးထွန်းထိပ်က သူ့ရဲ့ မျက်နှာချင်းဆိုင် ဆိုဖာ
ပေါ်မှာ ထိုင်ဖို့ သတင်းစာ ဖတ်နေရင်း
မေးငေါ့ပြတယ်။

"သား ခုနက ရဲစခန်းက ဖုန်းဆက်လာတယ်"

နွယ်စိမ်း ဘာမှ ပြန်မပြောပဲ။
ခုံပေါ်က ကော်ဖီကို သာတခေါက်မော့
သောက်လိုက်သည်။

"အကြောင်း အားလုံးကို အဖေသိပြီးပြီ။
ဒီ သတင်းကို ဒီမှာပဲ ရပ်ဖို့ရယ် ၊ထပ်သတင်း
မပေါက်ကြားဖို့ရယ် ၊အဖေ အကုန်
စီစဉ်ပြီးသွားပြီ ။ဒီကိစ္စလူတွေတခွန်းမှ
ဟရဲမှာ မဟုတ်ဘူး"

"ကျေးဇူးပါ အဖေ"

နွယ်စိမ်းက ဦးထွန်းထိပ်မျက်နှာကိုတည့်တည့်
ကြည့်ရင်းပြောတော့ ဦးထွန်းထိပ်က
သက်ပြင်း တချက်ချကာ...

"မင်းက အမြဲ ကိုယ်စိတ်ထင်ရာက်ိုယ်လုပ်တတ်တာပဲ ။အရင်က ဘာမှ မဟုတ်ပေမဲ့ ဒီကိစ္စ
ကို အဖေ့ နာမည်ကိုတော်တော်ထိခိုက်စေတယ်"

"ကျွန်တော် တောင်းပန်ပါတယ်"

နွယ်စိမ်းက မျက်နှာတချက်မပျက်ပဲ
တောင်းပန်နေတောကြောင့် ...
ဦးထွန်းထိပ်လည်းစုတ်တချက် သပ်ကာ

"သား အဖေက မင်းတောင်းပန်လိုချင်လို့
ဒီလိုပြောနေတာမဟုတ်ဘူး ။မင်းကို
ငါက ချစ်လွန်းလို့ တကယ့် သားအရင်းတယောက်လို စောင့်ရှောက်ပေးခဲ့တာ"

"......"

"သား အဖေ့ကို အမှန်အတိုင်းဖြေ။
မင်း တခါမှ မလိမ်ညာဖူးဘူး ။ဒီတခါလည်း
အဖေ့ကို မလိမ်နဲ့ ။မင်းနေနေကျ အမှန်တရားဘက်ကပဲ နေပြီး အဖေ့ကို အကုန်ပြောပြ။
မင်း ဒီကောင်လေးကို ကာကွယ်ပေးဖို့
သက်သက် နာမည်ဝင်ခံတာလား"

နွယ်စိမ်းမျက်နှာကိုတည့်တည့်ကြည့်ကာ
မေးလာတော့ သူတွန့်ဆုတ်ချင်းမရှိပဲ....

"မဟုတ်ဘူးအဖေ ကျွန်တော်ကိုယ်တိုင်
သူ့ကို ဆေးခတ်ပြီးခေါ်သွားတာပါ"

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Onde histórias criam vida. Descubra agora