12

252 26 2
                                    

"အဲ့ဒါနဲ့ နောက်ဆုံးပန်းကိုကိုယ်တိုင်ပေး
ဖြစ်သွားလား"

မိုးခါး ပါးစပ်က ကိုယ့်ကိုယ်တိုင်တောင်
သတိမထားမိပဲ အသံခပ်တိုးတိုးသာ
ထွက်သွားသော်လည်း ပြခန်းတခုလုံး 
ပုံပြင်ထဲဈာန်ဝင်ပြီး
တိတ်ဆိတ်နေသောကြောင့်
သူ့ အသံက ဟိန်းကနဲ ထွက်သွားသည်။
လူအုပ်ထဲက ထွက်လာသည့် အသံမို့
ဘယ်သူ ဘယ်ဝါ ပြောလိုက်သည်ဆိုတာ
မသဲကွဲလိုက် ။မိုးခါးကိုယ်တိုင်ကလည်း
ဂျာကင်က ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်း
ထားသောကြောင့် သူ့ကို ဘယ်သူမှ
ဂရုမပြုမိကြ ။

"ဟင်အင်း"

ပုံပြောသူ ကောင်လေးက ခေါင်းလေးခါကာ လေအေးအေး
နဲ့ ပြန်ဖြေပြီး ပုံပြင်ရဲ့အဆုံးသတ်ကို
ပြန်လည် စတင်လိုက်တယ်။

"ဥယျာဉ်က ကောင်လေးက သူ့ကိုယ်သူ
ကြောက်စရာကောင်းတဲ့လူတစ်ယောက်ဆိုတာ
ကောင်မလေးကို အဆုံးသတ်ထိ ဖုံးကွယ်ချင်
ခဲ့တယ် ။ကောင်မလေး ထွက်ပြေးသွားမှာကို
ကြောက်ပြီး ကိုယ့်အဖြစ်ကိုလည်း ယုံကြုံး
မရဖြစ်ပေမဲ့ နောက်ဆုံး ကောင်မလေးကို
ဆုံးရှုံးရမှာကြောက်တဲ့ကြောက်စိတ်ကပဲ
အနိုင်ယူရင်း တဖြည်းဖြည်း အချိန်ကုန်လာခဲ့
တယ် ။နောက်ဆုံး သူ ဖန်တီးနေတဲ့ပန်းမျိုးစိတ်
ကလေး အောင်မြင်သွားတော့ ကောင်မလေး
အတွက် သီးသန့် ခြံထဲကတနေရာမှာ စိုက်ပေး
ခဲ့ပေမဲ့ ကောင်မလေးက လာမခူးခဲ့ဘူး။
တရက်လည်းမလာ ၊နှစ်ရက်လည်းမလာ။
သူစောင့်နေရင်း လပေါင်းများစွာ
ကြာသွားတဲ့ အထိ ကောင်မလေးက ပေါ်မလာ
ခဲ့ဘူး။ဒါပေမဲ့ ကောင်လေးက
ဒီဥယျာဉ်ကြီးထဲမှာ သူလုပ်နိုင်တဲ့ တခုတည်း
သော ပန်းကလေးကို ပျိုးထောင်ရင်းနဲ့
ပင် အချိန်ကုန်ဆုံးသွားခဲ့တယ် ။
ကောင်မလေးကတော့
ကောင်လေးကိုရော ကောင်လေး ဖန်တီးပေးထားတဲ့ ပန်းကလေးအကြောင်း
ကိုရော ဘာမှမသိလိုက်ပဲ
လောကကြီးထဲကနေ လူမသိသူမသိ
အပြီးတိုင်ထွက်သွားခဲ့တယ်
ဆိုတာ အတော်လေးကြာ မှ သိလိုက်ရတယ်
တကယ်လို့သာ သတ္တိမွေးပြီး ကောင်မလေး
ဘက်မှာ အချိန် နဲနဲလည်းစောပြီး ရှိပေးခဲ့ရင်
အရာ အာလုံး ပြောင်းလဲသွားသလားဆိုတဲ့
စိတ် မျိုးနဲ့ ကောင်လေးကလည်း
ဥယျာဉ်ထဲမှာ ပဲ  ပျက်ဆီးယိုယွင်းနေတဲ့
မျက်နှာဖုံးလေးကို ကိုင်ရင်း ဘဝနိဂုံးချုပ်
သွားခဲ့တယ်တဲ့"

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Donde viven las historias. Descúbrelo ahora