27

121 18 6
                                    

"အား ...မိုးခါး ရောက်နေတာကြာပြီလား။
ဆောရီးကွာ အကိုနောက်ကျသွားတယ်"

အပြေးရောက်လာတဲ့ နွယ်စိမ်းက
အမောဖြေရင်း လှမ်းပြောတော့...

"နောက်မကျပါဘူး အကို။
ကျွန်တော် ကစောရောက်နေတာပါ"

မိုးခါးက လှမ်းပြောရင်း နွယ်စိမ်းကို
ကြည့်လိုက်သည် ။
အနီရောင် ရှပ်ကွက်လေးကို
ဂျင်း အပြာနုလေးနဲ့ တွဲဝတ်ထားကာ
အကျီလက်ကို တံတောင်ဆစ်အထိ သပ်သပ်
ရပ်ရပ် ခေါက်တင်ထားသည် ။ရေချိုးချိုး
ပြီးချင်းမို့လို့ ထင်တယ် အကိုရဲ့
ဆံပင်အိအိလေးတွေက နဖူးပေါ်ဝဲကျနေ
တယ် ။ကြည့်လဲတဲ့ အနက်ရောင်မျက်ဝန်းလေး တွေက အချိန်တိုင်း အရောင်တောက်
နေဆဲ။

"မိုးခါးရေ ဘာတွေးငေးနေတာလဲ။
သွားရအောင်လေ"

နွယ်စိမ်းက မိုးခါး ပခုံးကို လှုပ်ကာ
သတိပေးလိုက်မှ အသိပြန်ဝင်လာခဲ့သည်။

"ဟုတ် အကို "

ဖြေရင်း အကို့နောက်ကိုလိုက်ခဲ့သည်။

နွယ်စိမ်းတို့ ကားတစီးငှားပြီး ထွက်လာခဲ့ကြသည်။

အပြင်မှာလည်း တိမ်တွေစုဝေးကာ
မိုးတွေက မဲမှောင်နေပြီမို့ ....

"အကို ဒီနေ့ မိုးရွာမယ်ထင်တယ်နော်"

မိုးခါးက လှမ်းပြောတော့

"ဟုတ်တယ်နော် မိုးတွေအုံမှိုင်းနေတာပဲ
အကိုတို့တော့ ဒီည မိုးမိပြီထင်ပါတယ်"

အကိုက ခပ်ကျဲကျဲပြောလာခဲ့သည်။

နွယ်စိမ်းရော မိုးခါးရောနှစ်ယောက်လုံး
ထီးမပါလာခဲ့ပေ ။
ထွက်ထွက်လာချင်းကမိုးအုံ့ရုံလေးပဲမို့
နွယ်စိမ်းကလက်ထဲ ထီးမကိုင်ထားချင်။
ထီးကြီး ကိုင်ပြီး လမ်းလျှောက်နေရတာ
မျိုး မကြိုက် ။မိုးမရွာလောက်ပါဘူး အထင်
နဲ့ ထွက်ခဲ့ရာမှ ညမှောင်လေ
တိမ်တွေကလည်း မဲလာလေ ဖြစ်သည်။

"အကိုကထီးယူ ရတာကိုတော်တော်ပျင်းတယ်"

​နွယ်စိမ်းကရီရင်းပြောတော့ မိုးခါးသူတို့စစ
တွေ့ချင်းနေ့ကို သတိရမိသည် ။ဘတ်စ်ကား
မှတ်တိုင်ထဲ မိုးရေ တွေလက်လေးနဲ့
ခံဆော့နေတဲ့နေ့ကိုပေါ့ ။အဲ့နေ့ကလည်း
တနေကုန် မိုးလေ ဝသ သတင်းထုတ်ပြန်ချက်
ကတောက်လျှောက်လာနေတာ။
မိုးရွာမှာကို မသိဘူးဆိုတာမဖြစ်နိုင်။
တမင် သက်သက်ကို အပျင်းထူပြီး မယူလာတာပေါ့ ။
အကိုကဒီလိုလည်း ပျင်းတတ်သေးတာပဲ။

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Nơi câu chuyện tồn tại. Hãy khám phá bây giờ