22

164 20 2
                                    

"Noahရယ် ငိုမနေပါနဲ့
မင်းငိုနေတော့ငါ့ ဒဏ်ရာတွေပိုဆိုးသွား
သလိုပဲ"

"မင်းက တနေကုန် သတိလစ်နေတာကို
ငါ့မှာ ဘယ်လောက် စိတ်ပူရတယ်မှတ်လဲ"

သူ့ရှေ့မှာ နှာရည်တွေရော မျက်ရည်တွေရော
ကျလာ တရူံ့ရူံ့ ငိုနေတဲ့ ကောင်လေးကို
တွေ့ရတော့ အနည်းငယ်တောင် မာန်တတ်
သွားချင်သလို သူ့ကို စိုးရိမ်စိတ်ပူပေး
တတ်တဲ့ တဦးတည်းသော သူ ပေါ်လာပြီ
မို့လို့လေ ။ငိုထားတာကြောင့် နှာဖျားလေးတွေ
နီကာ လက်ခုံနဲ့ မျက်ရည်တွေကို ဆွဲသုတ်
နေတဲ့ Noahက ဖြူစင်လွန်းလှသည်။
သူ့လို လူမျိုးကို အပေါင်းအသင်းလုပ်နေရုံ
တင်မက ဒီလောက်အထိပါ လိုက်စိတ်ပူ
ပေးတတ်တဲ့သူ့ရဲ့ တဦးတည်းသော
သူငယ်ချင်း။

"ဒါနဲ့ Jackson ဘာဖြစ်သွားလဲ"
"အဲ့ရွေအိုကောင်ကို ကျောင်းထုတ်လိုက်တယ်
လေ ။ခံရတာတောင်နဲတောင်နဲသေးတယ်"

Noahက နူတ်ခမ်းလေးဆူကာ သူ့ရှေ့မှာ
အားရပါးရပြောလာသည်။
ဟင် ...Jackson လို ကျောင်းမှာ အရေးပါ
အရာရောက်တဲ့ လူတစ်ယောက်က ငါ့လို
အညတရ ကောင်လေးတယောက်ကို
ထိုးနှက်လိုက်တဲ့ ကိစ္စကို ကျောင်းက
ဒီလောက် ထိအရေးယူပေးလိုက်တာလား။
မိုးခါး တယောက် စိတ်ထဲ အတွေးများစွာ
ဝင်လာခဲ့သည် ။အနည်းဆုံးတော့
သူ သတိပြန်ရလာရင် သူ့ဘက်မှာ ဝင်ဖြေရှင်းပေးတဲ့လူမရှိတာကြောင့် ရန်ဖြစ်လည်း
အပြစ်တော့ အနဲအကျဉ်းပေးခံရမည်
ဆိုပြီးသေချာပေါက်တွေးထားပေမဲ့
အခု Jackson ကို ကျောင်းနားရုံပင်မကပဲ
ကျောင်းကပါ အပြီးအပိုင်ထုတ်ပစ်သည့်
ဆိုတော့ သူ အနဲငယ် စိတ်လေးသွားသည်။
Jackson ကလည်း နဲနဲရရ လူတစ်ယောက်မှ
မဟုတ်တာ မျိုးရိုးကြီးတခု ကချမ်းသာတဲ့
သူဌေးသားတစ်ယောက်ပဲ ။သူ့ကိုကျောင်း
ထုတ်ရလောက်အောင် ဒီကျောင်းမှာ
သူ့ထက် ကြီးမြတ်နေတဲ့ တယောက်ယောက်
များ ရှိနေလို့လား။

"ဟေး မိုးခါး.... မိုးခါး......"

"ငါခေါ်နေတာတောင် မကြားရအောင်
မင်းဘာတွေတွေးနေရတာလဲ"

"မဟုတ်ပါဘူးကွာ ဒီအတိုင်း...."

"အများကြီး မတွေးနဲ့လို့ ဆရာဝန်က
မှာထားတယ်"

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Nơi câu chuyện tồn tại. Hãy khám phá bây giờ