28

133 14 1
                                    

မိုးရာသီ အကူးအပြောင်းမို့..
မိုးကလည်း တဖြိုက်ဖြိုက် ကျနေဆဲ..

နေ့လည် ထမင်းစားစားပြီးချင်း အချိန်
ဖြစ်တာက တစ်ကြောင်း ၊အပြင်မှာ
မိုးကလည်း အေးကာသဲသဲမဲမဲ
ရွာကျလာသည်ကတကြောင်း ၊စိုက်ပျိုးရေးအချိန်ဖြစ်သည့်
အတွက် ငြီးငွေ့ စရာ မြေဆီမြေလွှာ
အကြောင်းကို သင်နေသည်က တကြောင်းမို့
အခန်းထဲက ကျောင်းသူကျောင်းသား
တွေလည်း လေးလံထိုင်းမှိုင်းကာ ငိုက်မြည်း
လျက်ရှိကြသည် ။မိုးခါး အရှေ့ခုံက
Noahက တော့ ဟန်တောင်မဆောင်နိုင်။
ခုံပေါ်ကို ခေါင်းစိုက်ပြီးသာ အိပ်ချလိုက်နေလိုက်တော့သည် ။အရှေ့ကဆရာ့ကိုလည်း
အားနာပေမဲ့ ဒီလို သင်ခန်းစာမျိုးဆို
ကျောင်းသားတိုင်းအတွက် ငြီးငွေ့စေနိုင်တာ
ကိုတော့ ဘယ်သူမှ ငြင်းမရ။
မိုးခါးလည်း အနဲငယ်ပင်ပန်းနေတာကြောင့်
မျက်စိလေးကို ခေတ္တမှိတ်နေလိုက်သည်။

ထိုအချိန် သူ့ အနောက်က ကောင်မလေး
တစုရဲ့ အသံမှာ တဆင့် တစ်တန်းလုံးဆီ
မှ အသံတဆဆ ထွက်လာကာ နောက်ဆုံး
အသံကြောင့် Noahပါ နိုးလာရသည်
အထိ ။ပတ်ဝန်းကျင်ရဲ့ ငြိမ်သက်မှုကို
ဖြိုခွင်းလိုက်တဲ့ အရာက ဘာများဖြစ်နေနိုင်မလဲ။

"ဟဲ့ ဟဲ့ ကောင်မတွေထစမ်း
စီနီယာ...လာတယ်"

"ငိုက်ရတဲ့ အထဲ အပိုမပြောပါနဲ့။
စီနီယာ နွယ်စိမ်း ကို ငါ့နှလုံးသား အပိုင်ပေး
ပြီးသား ။သူ့မှ မဟုတ်ရင် ဘယ်စီနီယာ
ပဲ ဖြစ်ဖြစ်ဘယ်လောက်ချောချောမကြည့်ဘူး။
ဒါ ငါ့ရဲ့ သစ္စာ တရားပဲ"

"လင်တရူးမရယ် ။အပိုတွေမပြောပါနဲ့
ကြည့်လိုက်စမ်း"

"ဟယ်တော့ အမလေး ငါ့အသဲလေး"

"တကယ်ကြီး စီနီယာ နွယ်စိမ်းလား"

"တခါမှ မလာဖူးပါဘူး ။အငယ်တန်းဘက်ကို"

"မတွေ့ရတဲ့ ရက်တွေထဲ ငါ့ သဲလေးက
ချောလာလိုက်တာ"

"သူလို လူမျိူးက နင့်ကိုရွေးမယ်ဆိုတာဝေးသေး ဟဲ့....ဟဲ့ ငါတို့ အတန်းဘက်ကိုကြည့်နေတယ်"

"ဟဲ့...ဟဲ့.. ကောင်မတွေ ဝင်လာပြီ။
နော် ဝင်လာပြီ"

မိုးခါးလည်း မိန်းကလေးတွေ အသံကြားတော့
အခန်းဝကိုကြည့်လိုက်သည်။
တကယ် အကိုပဲ။
အခန်းဝမှာတင် ဆရာကို နူတ်ဆက်စကားပြောနေကာ ဆရာက ဝင်လာဖို့ ခေါ်တော့
အတန်းထဲ လျှောက်လာသည်။

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Tempat cerita menjadi hidup. Temukan sekarang