40

175 15 1
                                    

"လှိုင်းရေ ...မင်း မရှိရင် ငါ တကယ်ပျင်းနေ
​တော့မှာပဲ သိလား"

အရပ်ကလန်ကလျားနဲ့ သူ့ ပခုံးပေါ်
မေးတင်ပြီး ချွဲနေတော့ ဘေးလူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့...

"ဟိတ်ကောင်ရေ လူတွေကြည့်နေတယ်ကွ
မင်းကွာ"

"ဘာဖြစ်လဲ ကိုယ့်သူငယ်ချင်းကို ချွဲတာ"

"အေးပါ Jake မင်းက တော့ မလွယ်ပါဘူး"

"မင်းလည်း မလွယ်ပါဘူး ။လှိုင်းရယ်
လာဗင်ဒါကောင်လေးကို မတွေ့လိုက်ရလို့
စိတ်ထဲ မကောင်းဖြစ်နေတာမလား"

"အင်း ။သူ့ကိုတွေ့ဖို့ ချိန်းတာ ငါ့ဖုန်းကို
မကိုင်ဘူး ။အနဲဆုံးတော့ သူ့ကို
နူတ်ဆက်သွားချင်တယ်"

လှိုင်းခက်က စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်း
ခပ်လေးလေး ချကာပြောလာခဲ့သည်။

"အဲ့လောက်လည်း စိတ်မပျက်ပါနဲ့လှိုင်းရယ်။
မင်းပေးခဲ့တဲ့ ပစ္စည်းလေးကို သေချာပေါက်
သူ့လက်ထဲရောက်အောင် ငါပေးပေးပါ့မယ်။
အဲ့တာတော့ စိတ်ချလိုက် ။
မင်းလည်းလေ ယာဉ်ချိန်နီးပြီ သွားတော့လေ"

"အင်း ငါရေခဲမုန့် သွားဝယ်လိုက်ဦးမယ်"

"စိတ်ညစ်နေလို့လား လှိုင်း"

"မညစ်ပါဘူး "

"ညာပြန်ပြီ စိတ်ရူပ်တိုင်း ice cream စား
တတ်တဲ့ မင်း ရဲ့ အကျင့်ကို ငါ မသိရင်
ခက်မယ် မင်း အဲ့ကောင်လေးကို တော်တော်သဘောကျတာပဲနော် "

"အေးပေါ့ကွ သူ့ကို မြင်ရတာနဲ့တင်
ငါ စိတ်ချမ်းသာရတယ် အနွေးထွေးဆုံး
မေတ္တာတွေ သူ့နားက ရနေသလိုပဲ"

"ကောင်းတာပေါ့ မင်းပျော်နေရင်
ငါလည်း ဝမ်းသာပါတယ်ကွာ"

ထိုအချိန် ရုတ်တရက် မြည်လာသော
ဖုန်းသံ ။
လှိုင်းခက်လည်း စိတ်မပါလက်မပါနဲ့
အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်သည်။
ထိုနောက် ဖုန်း Screenပေါ်က နာမည်ကို
တွေ့တော့ ရုတ်တရက် ပြုံးရွှင်သွားကာ...

"Jake ရေ ငါရဲ့လာဗင်ဒါ ကောင်လေးကွ
ငါ့ကို ဖုန်းပြန်ဆက်တယ် ဟျောင့်ရေ"

"ကြွကြွ လမ်းမှာလည်း ခလုတ်တိုက်လဲနေဦးမယ် မျောက်အုန်းသီးရလိုက်သလိုပဲ"

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)حيث تعيش القصص. اكتشف الآن