23

143 19 2
                                    

"နွယ်စိမ်း"

အနောက်က ခေါ်သံကြား၍သူလှည့်ကြည့်
လိုက်တော့ ဒုကျောင်းသားဥက္ကဋ္ဌ။
​ဒီကျောင်းမှာ တက်နေတဲ့
ခြံပေါက်ကျောင်းသားပဲ ။
အရည်အချင်းစစ် စာမေးပွဲဖြေတော့
ဒီကျောင်းရဲ့ခြံပေါက်ကျောင်းသားတွေရဲ့
အမှတ်ထက် ကျောင်းသားသစ်
​ဖြစ်တဲ့နွယ်စိမ်းက အမှတ်များသွားကာ
ဥဣဠ ရာထူးရသွားသည်မို့အမြင်ကြည်မှာတော့ မဟုတ် ။သို့ပေမဲ့ ဘယ်သူ့အကူအညီမှ
မပါပဲ ကိုယ့်အားထုတ်မှုကြောင့်ရသည်
ကြောင့်ကိုယ့်လိပ်ပြာကိုယ်လုံပေမဲ့
မကျေနပ်တဲ့လူကအများသား။

"အော်..ဒုကျောင်းသား ဥက္ကဋ္ဌပဲ
စိတ်မရှိပါနဲ့ ။လူကိုသိပေမဲ့
နာမည်တော့မေ့သွားပြီ"

နွယ်စိမ်းကပြောတော့

"ရပါတယ် ။ကျွန်တော်တို့ကျောင်းသား
ဥက္ကဋ္ဌကြီးက အလုပ်အရမ်းများတာကို
ဘယ်မှတ်မိပါ့မလဲ ။ကျွန်တော့ကို
ကျွန်တော် ပြန်မိတ်ဆက်ပါရစေ။
ကျွန်တော်က ထည်ဝါ။တတိယနှစ်တန်းခွဲက"

"အင်း ။ကျွန်တော် မှတ်ထားလိုက်ပါ့မယ်"

နွယ်စိမ်းက နူတ်ဆက်ကာ ရှေ့ဆက်ရန်
အလုပ်မှ

"ဒါနဲ့ အခန်းထဲခေါ်ထားတဲ့ ကောင်လေးနဲ့ရော
အခြေအနေ ဘယ်လိုရှိလဲ"

" ဘယ်လို"

နွယ်စိမ်းက နားမလည်သလိုပြန်မေးတော့

"ပထမနှစ်ကကျောင်းသားလေးနဲ့
ဘယ်လို အဆင့်ရောက်နေပြီလဲလို့မေးတာ။
ဘာတွေမဟုတ်တာလုပ်ထားလို့ ဖြေဖို့ ခဲရင်းနေတာလဲ ။မဟုတ်မှ ဆက်ဆံရေးက
သူများတွေပြောနေကြသလိုမျိုး...."

အရှေ့က လူက သွေးတိုးစမ်းချင်သလိိုလို
ဆိုလာသည် ။

"ဘာပြောကြလို့လဲ"

"အနေတည်တဲ့ စီနီယာကျောင်းသားက
ဘာမဟုတ်တဲ့ကျောင်းသားလေးကို
ကယ်လိုက်တယ်ဆိုမှတော့ တခုခု လိုချင်လို့
မဟုတ်ဘူးလား အခုခေတ်ကလည်း
ဟိုလိုမျိုးတွေများနေတာဆိုတော့"

ထို အခါမှ နွယ်စိမ်းသဘောပေါက်လိုက်သည်။
သူ့ကို အကဲစမ်းချင်တဲ့သဘောမျိုးနဲ့
ဒီလို မေးခွန်းကြီးနဲ့ ခနဲ့သလိုလို
​အချိုး မျိုးနဲ့ လာဆက်ဆံနေတာပဲ။

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Место, где живут истории. Откройте их для себя