6

300 29 0
                                    

လှိုင်းခက် ခြံပြင်ရောက်တော့
သူလည်း မျက်ရည်များကို မထိန်းသိမ်းခဲ့နိုင်။
အတားအဆီမရှိကျလာရတယ်။
သူက နွယ်စိမ်းနဲ့ ပတ်သက်ရင်
အခုချိန်ထိ အချစ်ကိုယုံစားကိုးကွယ်တဲ့
ဆယ်ကျော်သက်ကောင်လေးတယောက်လို
အသက်ကြီးလာတော့ကိုယ့်ကိုကိုယ်
ရင့်ကျက်လာပြီ ထင်ခဲ့ပေမဲ့ ၊သူ့နှလုံးသားက
အရင်တုန်းကလိုပဲ ၊နွယ်စိမ်းနဲ့သာဆိုရင်
နုနယ်နေဆဲပဲ။

ကားနားရောက်ခါနီး ချမ်းငြိမ်းကိုတွေ့တော့
လှိုင်းခက် မျက်ရည်တွေ ကိုအလျင်အမြန်သုတ်ချလိုက်တယ်။

ကုမ္ပဏီခွဲပေါင်းများစွာကို အုပ်ချုပ်တဲ့
အသက်၂၈နှစ်အရွယ် CEO တစ်ယောက်
အနေနဲ့ နှလုံးသားကိစ္စကြောင့်
ကြေကွဲပူဆွေးနေရတဲ့ကိစ္စမျိုးလူသိမခံချင်။

"ချမ်းငြိမ်း အိမ်ပြန်ရအောင်"

လှိုင်းခက်လေသံကို ထိန်းပြောလိုက်တယ်။
ချမ်းငြိမ်းလည်း လှိုင်းခက်ရဲ့မျက်နှာရိပ် မျက်နှာကဲကိုကြည့်ကာ
ဘာအပိုစကားမှပြန်မပြောဖြစ်။
အိမ်သို့သာ ဖြောင့်ဖြောင့်တန်းတန်းမောင်း
ပြန်လာသည်။

နွယ်စိမ်းအိမ်မှာ ဘာဖြစ်ခဲ့သလဲဆိုတာ
အကိုလေးကိုယ်တိုင် ပါးစပ်က
ထုတ်မပြောပေမဲ့၊
လည်း မျက်နှာအခြေအနေက်ို
ကြည့်တာနဲ့ ချမ်းငြိမ်းခန့်မုန်းနိုင်သည်။
အကိုလေးက ဟန်ဆောင်တဲ့နေရာမှာ
လုံးဝမကျွမ်းကျင်တာကြောင့်။

ဒီတခါလည်း အဆင်မပြေလာဘူးနဲ့တူတယ်။
ချမ်းငြိမ်းတွေးရင်း ကားနောက်ခန်းက
ကိုလှည့်ကြည့်တော့ အပြင်သို့ ရီဝေဝေ
မျက်လုံးတွေနဲ့ ​ကြည့်နေတဲ့ လှိုင်းခက်
စကားနဲ့ထုတ်မပြောသော်လည်း
သူက မကြာခင် လဲပြိုကျတော့မယ်
လူတစ်ယောက်လို။
ချမ်းငြိမ်းလည်း ကားကိုပဲအာရုံစိုက်ကာ
မောင်းလာခဲ့သည်။
နာရီဝက်လောက်မောင်းပြီးမှ
မြို့လယ်ခေါင်တည့်တည်က ခမ်းနား
လွန်းတဲ့အိမ်ကြီးထဲဝင်သွားခဲ့သည်။

"သားပြန်ရောက်လာပြီလား "

အိမ်ထဲဝင်ဝင်ချင်း လှိုင်းခက်
အဖေ ဦးခက်ဝေကဝမ်းသာအားရ
ပြေးထွက်လာတယ်။

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Nơi câu chuyện tồn tại. Hãy khám phá bây giờ