7

248 24 2
                                    

လွန်ခဲ့သော အနှစ် ၂၀ခန့်က

ကလေးဆူညံ့သံလေးတွေနဲ့ပြည့်နှက်နေတဲ့
မူကြိုကျောင်းကလေးမှာ

" မောင်မိုးခါးရေ ရှိလား"

"ဗျ"

ဆံပင်လုံးလုံးထွေးထွေး
မျက်လုံးညိုညိုဝိုင်းဝိုင်းလေးနဲ့ကောင်လေးက
ဆရာခေါ်တော့ အသံဆာဆာလေးနဲ့ထူးရင်း
လုံးတုံးလုံးတုံးပြေးလာတယ်။

" မိုးခါးလေးရေ 
ဆော့ရတာမောနေပြီလား"

"မောသေးပါဘူး"

ဆရာကို သူ့ရဲ့ရှေ့သွားကြီးကြီးလေးတွေပေါ်
အောင်ပြုံးပြရင်း ပြန်ဖြေလိုက်တယ်။

"နောက်တပတ်ဆို ကျောင်းမှာ ပွဲလုပ်မယ်နော်
အဲ့ဒါ......."

"ရေး.........."
ဆရာတောင် စကားမဆုံးသေး လိုက်။
ကလေးတွေရဲ့အော်သံဆူးဆူးလေးတွေက
အရင်ဆုံးထွက်ပေါ်လာတယ

" အဲ့ဒါ အစားအသောက်ပွဲလည်း လုပ်မှာမို့
မိဘတွေကိုခေါ်လာခဲ့ကြပါနော်
ပြီးတော့ နောက်တခုက မိုးခါးလေး
က ကျောင်းသားတွေထဲမှာ အလိမ်မာဆုံး
မို့ ဆရာမတို့က ဆုချပေးမယ်နော်"

"ရေး......"

"အဲ့တော့ မိုးခါးလေးက အဲ့နေကျရင်
မိဘခေါ်လာခဲ့နော် ဆရာမတို့က ဆုချမှာမို့လို့"

" ဟုတ်ကဲ့ပါဗျ"

5 နှစ်အရွယ်ကလေးလေးက
ဆရာမကို ရိုရိုသေသေ
ဦးညွှတ်ရင်း ပြန်ဖြေလိုက်တယ်။

ကလင်ကလင် 🔔
ကျောင်းဆင်းသောအခါ.....
_________________________________
မိုးခါးလေးကို ကျောင်းလာကြိုတဲ့
ကားဆရာ ဦးခွန်းထက်။
အသက်၄၀ကျော် သာသာ သာရှိသေးသော
ဖေဖေ့ လူယုံတဦး။
မိုးခါးလေးရဲ့ အကြိုအပို့ကို သူပဲ
တာဝန်ယူရတယ် ။မိုးခါးထက်
အသက် 3နှစ်ကြီးတဲ့ လှိုင်းခက်ကိုတော့
ဦးခက်ဝေကိုယ်တိုင် အကြိုအပို့
လုပ်ပေးတယ်။

" ဦးဦး ဦးဦး လာကြိုပြီလား"

" ဒီနေ့ ဦးရဲ့မိုးခါးလေးက
အရမ်းတွေပျော်နေတာပါလား"

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Onde histórias criam vida. Descubra agora