29

101 17 2
                                    

လိပ်စာ အတိုင်းဆိုရင် ဒီမြို့နဲ့ ငါးနာရီ
လောက်သွားရဦးမည်  ။အများစီး
ယာဉ် လက်မှတ်လှမ်းဖြတ်တော့လည်း
ရုတ်တရက်ကြီးမို့မရလိုက်။
ဒါကြောင့် အဲကွန်းပါ အငှားယာဉ်အသေး
လေးသာ သူအမြန်ကောက်ငှားလိုက်သည်။

နွယ်စိမ်းလည်း မိုးခါးကို အမေရဲ့
ဆုံစေချင်သောကြောင့် ကိုယ်ပါလက်ပါကို
အားတက်သရော ဝင်ပါနေမိသည်။
မိုးခါးက သူ့ငယ်ဘဝလေးတွေကို
ပြန်ပြောတော့ နားထောင်သူ ဖြစ်တဲ့
နွယ်စိမ်းတောင် ကွယ်ရာမှာမျက်ရည်တွေ
ကျမိသည် ။အဖေဖြစ်ပြီး ကလေးတယောက်
လုံးကို နှိပ်စက်တတ်တဲ့ လူမျိုး ဒီကမ္ဘာပေါ်
မှာရှိသေးပါလား သူတွေးမိသည်။
သူ့ ဘဝသက်တမ်းတလျှောက်မှာတော့
ဒီလို ရက်စက်သွေးအေးတတ်တဲ့ လူမျိုး
နဲ့ ဘယ်သောအခါမှ မဆုံဖူးချင်။

နွယ်စိမ်း အထုတ်တွေကိုကားပေါ်တင်ကာ
မိုးခါး အလာကိုစောင့်နေမိသည်။

"အကို ကျွန်တော်ရောက်ပြီ"

"လာသွားရအောင် ။နေ့လည်လောက်မှသွား
တော့ ဒီည အပြန်နောက်ကျလိမ့်မယ်"

"ရပါတယ်အကို ။အကို အတွက့် အနှောင့်
အယှက်ဖြစ်မှာကိုပဲ စိုးရိမ်တာပါ"

မိုးခါးက ခေါင်းလေး ငုံ့ကာပြောတော့...

"အဲ့ဒါတွေ မတွေးပါနဲ့
လာ သွားရအောင်"
နှစ်ယောက်သား လိပ်စာ အတိုင်း
အမြန်သွားခဲ့ကြသည် ။

မိုးခါးက တော့ တခါမှ မဆုံဖူးတဲ့
အမေနဲ့ တွေ့ရတော့မှာမို့ ခြေဖျားလက်ဖျား
လေးတွေ အေးစက်တာ မွန်းကြပ်လာသလို
အကို့ကိုလှမ်းကြည့်တော့သူ့ကို စိတ်အေးအေးထားရန် ခေါင်းလေးငြ်ိမ့်ပြလာသည်။

ကားလမ်းလည်းရှင်းကာ
ယာဉ်မောင်းကလည်း လမ်းခရီးကျွမ်းကျင်သောကြောင့် မှန်းထားသော အချိန်ထက်ပိုပြီး စောရောက်လာခဲ့သည်။

"ညီလေးတို့ ညီလေးတို့ ပြတဲ့ လိပ်စာ အတိုင်း
ဆို ဒီနေရာပဲ"

ယာဉ်မောင်းက လှမ်းပြောလာတော့
မိုးခါး အပြင်ဘက်ကိုထွက်ကြည့်လိုက်သည်။

အဝါရောင်နှစ်ထပ်တိုက် အအ်ိုအဟောင်းလေး။
ခြံထဲလည်း သစ်ပင်ပန်းပင်တွေက စိမ်းလန်း
စိုပြေနေကာ ပတ်ဝန်းကျင်ကလည်း
တိတ်ဆိတ်ခြောက်ကပ်နေသည်။

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Donde viven las historias. Descúbrelo ahora