43

106 9 0
                                    

နွယ်စိမ်း အဝတ်အစားတွေကိုသေချာ
ထုပ်ပိုးပြီး အခန်းတွင်း လှည့်ပတ်
ကြည့်ရူလိုက်သည် ။

Art University မဟုတ်ပဲ သာမာန်
Studio အသေးလေးတခုမှာပဲလေ့လာရုံ
လေးမို့ ပြင်သစ်ကိုသွားဖို့စိတ်လှုပ်ရှားခြင်း
သိပ်မရှိ။

တီဆွေကို အိမ်က ထွက်ခါနီး
နူတ်ဆက်တော့ မျက်ရည်လေးတွေဝဲရင်း
ပြောရှာသည်။

"သားငယ်က ပန်းချီမှာလည်း အရမ်း
တော်တာကို ။ဘာလို့ လေးလေးက ကျောင်း
ကောင်းပေးမတတ်တာလဲမသိဘူး။
ပိုက်ဆံလည်း တတ်နိုင်ရဲ့သားနဲ့။
ဘာလို့ studioအသေးလေးမှာပဲ သင်မှာလဲ"

တီဆွေက အလိုမကျသလိုပြောလာတော့
သူဘာမှ မပြောပဲ ပြုံးရုံလေးပြုံးကာ
ခေါင်းလေးငြိမ့်ပြခဲ့သည်။

​အဖေ့ကို မိုးခါးအား ထောက်ပံ့ပေးဖို့
အကူအညီတောင်းပြီးကတည်းက
အဖေ့ရဲ့ စကားတွေကိုတခွန်းမကျန်လိုက်နာ
ခဲ့သည် ။ဒါကြောင့်လည်းStudioအသေးလေး
မှာပဲ သင်ရလို့လည်း ဘာမှ အထွန့်မတက်မိ။

အထုပ်အပိုးတွေကို
​ကားပေါ်တင်ကာ အိမ်ကထွက်လာခဲ့သည်။
​ပြင်သစ်ကိုမသွားခင်လေး ကျောင်းအုပ်ကြီး
ကိုလည်း နူတ်ဆက်သွားချင်သေး
သောကြောင့် ကျောင်းဆီထွက်ခဲ့သည်။

​ရုံးခန်းထဲရောက်တော့.......

"ဆရာ ကျွန်တော် လာနူတ်ဆက်တာပါ"

နွယ်စိမ်းစကားကြောင့် စာဖတ်နေရာမှ
ဆရာက ချက်ချင်း ခေါင်းထောင်လာခဲ့သည်။
ထိုနောက် ထိုင်ရာမှ ထကာ .....

"သားရယ် ။တကယ် ဆုံးဖြတ်ပြီးပြီလား။
အဖြစ်အပျက်တွေကလည်း မြန်ဆန်လိုက်တာ"

သူ့ကို စူးစူးစိုက်စိုက်ကြည့်ရင်း မယုံကြည်
သလိုပြောလာခဲ့သည်။

"ကျွန်တော် တောင်းပန်ပါတယ်ဆရာ
ဆရာ့နာမည်ကိုပျက်အောင်လုပ်ခဲ့မိတဲ့
အတွက်ရော"

"မဟုတ်တာ ။ဆရာ မင်းကို
အပြည့်အဝ ယုံကြည်ပါတယ် ။ဒါပေမဲ့မင်းလ်ို
ကျောင်းသားကောင်းတစ်ယောက်ကို ဆုံးရူံးလိုက်ရတာတော့ တကယ်စိတ်မကောင်းဘူး"

"တော်တဲ့ကျောင်းသား အသစ်တွေ
အများကြီးပေါ်လာမှာပါ ။ဆရာ။
မိုးခါးတို့ Noahတို့က တကယ်တော်တဲ့
ကလေးတွေ ဖြစ်လာပါလိမ့်မယ်။
ကျွန်တော်လည်း အမြဲစောင့်ကြည့်နေမှာပါ"

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Donde viven las historias. Descúbrelo ahora