30

132 17 3
                                    

"ရော့ သားဒီမှာ"

ကြီးကြီးဝေက သေတ္တာထဲက စာအုပ်
အဟောင်းလေး ထုတ်ပေးလာကာ....

"ဒါ သားမေမေ ထားခဲ့တာ။
သားလေး သေသွားခဲ့တယ်ဆိုတာ
သူ သေသွားတဲ့ အထိ မယုံနိုင်ခဲ့ဘူးလေ။
သူကိုယ်တိုင်ကလည်း ကျန်းမာရေး
မကောင်း ။သားလည်းသေတော့
စိတ်ထောင်း ကိုယ်ကြေဖြစ်ပြီး
နှစ်အကြာကြီး အိပ်ယာပေါ် လဲနေခဲ့တာပါပဲ။
သားလေး အသက်ရှင်နေသေးနိုင်တယ်ဆိုတဲ့စိတ်စွဲနဲ့အမြဲ သားလေး အတွက်စာတွေဆိုပြီး
သူရေးပေးခဲ့တာ ရော့ ဖတ်ကြည့်ပါဦး"

_________________________________
*အမေ သားကိုပြောပြစရာတွေအများကြီးရှိနေတယ်။သား အမေကိုယ်တိုင်ပြောပြနိုင်မလား
ဆိုတာမသေချာတော့တဲ့အတွက် ဒီစာအုပ်ထဲမှာပဲ အာလုံးရေးမှတ်ထားခဲ့မယ်။

လူတိုင်းက သားလေးသေပြီပြောကြပေမဲ့
သားလေး အသက်ရှင်နေတယ်ဆိုတာ
အမေ့ရင်ထဲက အလိုလိုသိနေတယ်။

ပြီးတော့ သားလေးကို အနှိမ်ခံဘဝမျိုးနဲ့
ကြီးပြင်းရမှာမျိုးကိုအမေအရမ်းစိတ်ပူ
တယ် ။အဲ့ဒါကြောင့် လိုက်ရှာခဲ့ပေမဲ့
ဘာ အကြောင်းမှ ရေးရေးရာရာမသိခဲ့ရဘူး။

သားလေးကို အမေ့ကြောင့် အပျက်မရဲ့သား၊
သူများ အိမ်ထောင်ကို ဖျက်ဆီးခဲ့တဲ့ မိန်းမရဲ့
သားလို့ ခေါ်နေကြမှာ အမေသိတယ်သားရယ်
အမေလည်း မျက်နှာမပြဝံ့ရဲလောက်အောင်
ဒီ စကားလုံးတွေကြား ထိုးနှက်ခံခဲ့ရတယ်။
တကယ်တော့ မင်းအဖေမှာ သားကြီးမယားကြီး ရှိခဲ့တယ်ဆိုတာ အမေ မသိခဲ့ရိုး အမှန်ပါ။
ဦးခက်ဝေကိုယ်တိုင်ကလည်း အမေဒုက္ခ
ရောက်နေတုန်း လူပျိုလူလွှတ်ပါဆိုပြီး
အကူအညီအများကြီးပေးခဲ့တယ်။
အနေကြာလာတော့ တယောက်နဲ့တယောက်
မေတ္တာမျှပြီး နှစ်ဦးသဘောတူ
တရားရုံးမှာ လက်မှတ်ထိုးပြီး လက်ထပ်ခဲ့ကြတာ ။သားလေး ကိုယ်ဝန်နှစ်ပတ်လောက်မှ
သူ့မှာ သားရော မယားရော ရှိနေတယ်ဆိုတာ
သိလိုက်ရတယ် ။ဒါကြောင့် အမေ သူ့ကို
အဆက်ပြတ်ပြီး ကြီးကြီးဝေတို့နဲ့ လာနေခဲ့တယ် ။ဒါပေမဲ့ ဦးခက်ဝေရဲ့ မယားကြီးက
အမေ့လို ကိုယ်လေးလက်ဝန်နဲ့ဆိုတော့
အမေ့ကို ဂရုဏာသက်ပြီး အိမ်ကိုခေါ်တင်ပေးခဲ့တာ ။အမေ့ကို ညီမလေးတယောက်လိုအစစ
အရာရာ ဂရုစိုက်ပေးခဲ့တယ် သား။
ပြီးတော့ မယားတစ်ယောက်ရဲ့ရပိုင်ခွင့်
အနေနဲ့ အမေ့အတွက် ကလေးမွေးပြီး
ရင်နေဖို့ အိမ် လုပ်ငန်းတွေက အစ တဝက်ဆီ
ခွဲဝေပေးတာပေါ့ ။ပြီးတော့ ဦးခက်ဝေက
အရင်က အိမ်ရဲ့ဒရိုင်ဘာ။သူနဲ့လက်ထပ်ပြီးမှ
ဒီလို သူဠေးလိုနေရတာတဲ့ ။အဲ့ဒါကြောင့်
စည်းစိမ်းတွေကို မွေးလာမဲ့ကလေးတွေရဲ့
လက်ထဲပဲ ချန်ခဲ့တယ် ။သူ့နာမည်ရဲ့ထား
ခဲ့ရင် လုပ်ငန်းတွေ အကုန်ပျက်ဆီးလိမ့်မယ်
ဆိုတာက အစ ပြောပြခဲ့တယ်။
နောက်ရက်လည်းကျရော အမေတိုက်နေကျ
နွားနို့ပူပူလေးတိုက်တယ် ။ခဏလည်း
ကျရော် ခန္ဓာကိုယ်အောက်ပိုင်းက
သွေးတွေ စီးကျပြီး အထဲကလေးရော
အမေရော ပွဲချင်းပြီးသေသွားတယ်။
ကျန်ခဲ့တဲ့ လှိုင်းခက် ကလေးကလည်းငို
လိုက်တာ သတိတွေတောင်မေ့တယ်။
ဦးခက်ဝေက ကလေး သတိရတဲ့ အထိတောင်
မစောင့်ဘူး ။ချက်ချင်းသဂြိုဟ်လိုက်
ကတည်းက အမေ သံသယဝင်နေခဲ့တာ။
ပြီးတော့ ဆုံးပြီးနောက်ရက်မှာပဲ
သားလေးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို
သူ့ဆီ လွဲပြောင်းခိုင်းတယ် ။အမေလည်း
သဘောမတူတော့ အမေ့ကို လူသတ်သမား
ဆိုပြီး စွပ်စွဲခဲ့တယ် ။ပြီးတော့ ပစ္စည်း
မက်လို့ သူ့ရဲ့ အိမ်ထောင်ရေးကို
ဖျက်ဆီးတဲ့လူဆိုပြီး သတင်းဖြန့် ခဲ့တယ်။
အမေသားလေးကလည်း
​အသေလေး မွေးလာခဲ့တယ်တဲ့။
ပြီးတော့ အမေ့ကို အိမ်ကနေ အပြီးထွက်သွားခိုင်းတော့တာပါပဲ။

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Where stories live. Discover now