4

330 38 0
                                    



လှိုင်းခက် လေယာဉ် ပြတင်းပေါက်မှန်လေးကိုလက်ဖဝါးနဲ့ ကပ်ရင်း အောက်သို့
ငုံ့ကြည့်လိုက်တယ် ။လေယာဉ်က တိမ်တွေကြားထဲကနေ မြန်မာပြည်ထဲသို့ နိမ့်ဆင်းစပြုနေပြီ။

နွယ်စိမ်း ပြန်ပြီး တစ်ပတ်အတွင်း
အလုပ်လတ်စသတ်ကာ အမြန်လိုက်သွားဖို့
ကြိုးစားသော်လည်း သူ့မှာ ကုမ္ပဏီကြောင့်
​တစ်လနီးပါးကြာမှ လိုက်သွားဖြစ်တယ်။

လက်ထဲက နာရီကို ကြည့်လိုက်တော့
ညနေလေးနာရီ ။
ဒီအချိန် နွယ်စိမ်း ညနေဆေးရော
သောက်ပြီးပြီလား ။သူရောက်လာရင် အံ့ဩသွားမလား ဒါမှမဟုတ် အကြောင်းမကြားပဲ
လာလို့ နွယ်စိမ်း သူ့က်ိုစိတ်များ
ဆိုးသွားမလား။
အကယ်၍များစိတ်ဆ်ိုးနေခဲ့ရင်ချော့ဖို့
ပြင်သစ်ကနေ လာဗင်ဒါပန်းစည်းလေးကို
မညှိုးမခြောက်အောင် သေချာ ထုပ်ပိုးရင်း
ယူလာခဲ့သေးတယ်။
ပန်းအနံ့လေးကိုရှူရိုက်ရင်း ပါးမို့မို့
လေးတွေပေါ်လာသည်အထိပြုံးသွားမဲ့
နွယ်စိမ်းရဲ့မျက်နှာ လေးကို
တစ်လလောက်နီးပါး
လွမ်းနေခဲ့ရတာကြောင့် လေယာဉ်
အမြန်ဆိုက်ရန်သာ လောနေမိသည်။

လှိုင်းခက် စိတ်ကူးထဲ နွယ်စိမ်း
ရောက်လာသည်နဲ့
ဟန်တောင်မဆောင်ပဲ နှစ်နှစ်ခြိုက်ခြိုက်
ပါးချိုင့်ကလေးများပေါ်သည်အထိ
ပြုံးနေမိတယ် ။လေယာဉ်မယ်လေး
ကတောင်သူ့ကိုကြည့်၍ ပြုံးစိစိ
ပန်းစည်းကိုကြည့်လိုက်၊
စကားတွေတယောက်တည်းပြောလိုက်၊
ပြုံးပြလိုက်နဲ့ သူ့မှာ ဂဏာမငြိမ်နိုင်။
အတွေးထဲထိ ဝင်ရောက်နှောင့်ယှက်နိုင်သော ကောင်လေးက သူ့ကိုတချိန်တည်းမှာပင်
ပျော်ရွှင်အောင်ရော ၊နာကျင်အောင်ရော
လုပ်နိုင်သောသူ ။

"မင်းအရမ်းဆိုးတယ် နွယ်စိမ်းရယ်"

သူ ရေရွတ်ရင်း ပြုံးရွှင်နေသော
မျက်နှာက စက္ကန့်မခြား
ပြန်တည်သွားရသည်။

နှစ်အကြာကြီးပြန်မရောက်ခဲ့
တဲ့အမိမြေကို ပြန်ရောက်တော့ လှိုင်းခက်
လေကို တဝကြီးရူရိုက်လိုက်သည်။

၆နှစ်ကြာမှ ကိုယ့်နိုင်ငံရဲ့လေက်ိုပြန်လည်
ရူရိူက်ရတာမလား။

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Where stories live. Discover now