42

134 10 1
                                    

အကိုနဲ့ ကျွန်တော်က ဝေးပြီးရင်းဝေးနေခဲ့တာပဲ။အခုလည်း ထပ်ဝေးရပြန်ပြီ။

လွန်ခဲ့သော နာရီ (၂၀)ခန့်က......

နွယ်စိမ်း နဲ့ မိုးခါး စကား အချေအတင်ဖြစ်ပြီနောက် နွယ်စိမ်း အိမ်ထဲက ထွက်သွားပြီး
နောက် မိုးခါး တစ်ယောက်တည်း အခန်းထဲ
ကျန်ခဲ့သည်။

ထိုနေရာမှာတင် ငူငူငိုင်ငိုင်ကြီးရပ်နေပြီး
အချိန်အတော်လေးကြာမှ
ဒူးထောက်လျက်သားခွေကျသွားသည်။

ကျွန်တော်လို အရူံးသမား တစ်ယောက်ကို
အကိုက လက်ခံနိုင်ပါ့မလား ။
ကျွန်တော်ကလေ
အကို့ကို ဘာမှ မပေးနိုင်ရင်တောင်
ရင်ထဲက ရှိသမျှ အချစ်တွေ အကုန်လုံးကို
ပုံအပ်ပြီးပေးနိုင်တယ် ။
တခါမှ မကြုံခဲ့ဘူးရတဲ့
အကြင်နာတွေ နွေးထွေးမှူတွေကို အကို
နဲ့မှ ကြုံခဲ့ရတော့ အကို့ကိုပဲ ချစ်မိတာ
ကျွန်တော်မမှားပါဘူး ။ဟုတ်တယ်မလား။
ကျွန်တော်မမှားဘူးမလား။

မိုးခါး တွေးနေတုန်း ရုတ်တရက်
မိုးခြိမ်းလာသောကြောင့် ထကာပြတင်းပေါက်
တံခါး ဖွင့်ကြည့်လိုက်သည်။

ကောင်းကင်ကြီးတခုလုံးမဲမှောင်နေကာ
တိမ်မဲကြီးတွေကလည်း တလိပ်လိပ်တက်
လာခဲ့သည် ။မိုးသားတခုလုံး မှိုင်းညို
နေသောကြောင့် မကြာခင် မိုးရွာတော့မည်။

"သားမိုးခါး ညဆေးသောက်ရဦးမယ်နော်"

အခန်းတံခါး ဖွင့်ကာ ဝင်လာသော
တီဆွေ လက်ထဲတွင်လည်း ဗန်းတခုကို
ကိုင်ထားသည်။

"အန်တီ အကိုနွယ်စိမ်းရောဟင်"

"ခုနလေးတင်ပဲ အခန်းထဲက ထွက်လာပြီး
ပြတိုက်သွားမယ်ပဲပြောသွားတာပဲ။
ဒါနဲ့ သားတို့ ရန်ဖြစ်ထားကြတာလား။
နွယ်စိမ်း ဒီလို ကမူးရှူးထိုးဖြစ်နေတာမျိုး
တီဆွေ တခါမှ မမြင်ဖူးဘူး"

"ဟု...ဟုတ် အန်တီ ကျွန်တော် စကားပြော
မှားသွားလို့ပါ"

"ချော့လိုက်ပါဦးသားရယ်။
နွယ်စိမ်းက စိတ်မာမလိုနဲ့ တကယ်တော့
စိတ်အရမ်းပျော့တာ
ပြဿနာတွေဖြစ်ရင် လူတွေရှေ့မှာ
ဘာမှ မဖြစ်သလိိုလိုနဲ့ တစ်ယောက်တည်းဆို
ကျိတ်ငိုတတ်တယ်"

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Where stories live. Discover now