17

168 20 2
                                    

"ဟယ်လို Jake မင်းဘယ်မှာလဲ"

"ဘာ !!!!လိပ်စာ မှားပို့မိတယ်
ဟုတ်လား"

"ဘာ!!!!! ဟိတ်ကောင်
အဲ့နေရာမှာပဲစောင့်နေ တွေ့တာနဲ့မင်းနာပြီပဲ"

မနက်က Jakeက သူငယ်ချင်းတစ်ယောက်ကို
သတင်းသွားမေးချင်လို့ လိုက်ကူ
ပေးပါ ဆိုပြီး လှိုင်းခက်ဆီ စာပို့တာကြောင့်၊
ဒီကောင် လူမူရေးဥက္ကဋ္ဌလုပ်နေပြန်ပြီ
ဟုသာ တွေးလိုက်မိတယ်။
ပုံမှန် ဒီလို နားရက်မျိုးဆို အိမ်ထဲက
အိမ်အပြင်ကိုတောင်မထွက်ချင်။
အိပ်ရာထဲမှာပဲ ကွေးနေချင်ပေပဲ့
မရှိမဲ့ရှိမဲ့ သူငယ်ချင်းလေးကအတင်းခေါ်
နေသော သူ့မှာ မငြင်းနိုင်။
လိပ်စာဆိုပြီး ပို့လာတဲ့ နေရာအတိုင်း
အချိန်မှီ သွားခဲ့ပေမဲ့ အတော်ကြာသည်
အထိ Jakeကို မတွေ့တော့ ဖုန်းဆက်လိုက်မှ
ကိုယ်တော်လေးက လိပ်စာမှားပို့လိုက်ခြင်းတဲ့။

လှိုင်းခက်တစ်ယောက်တည်းဖုန်းပြောရင်း
ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လ်ိုက်မိတယ်။

နေရာ က ဂျောင်ကျသည့်အပြင်။
ဆင်ခြေဖုံးရပ်ကွက်မျိုးဖြစ်တာကြောင့်
လူနေ သိပ်သည်းသည်။
လမ်းတွေမှာလည်း ကားဝင်လို့မရ။
ပုံမှန် လက်လုပ်လက်စား လူအများသာရှိ
သည်မို့ သူဠေး ရပ်ကွက်မှာ ကြီးပြင်းလာ
သော သူ့မှာတော့ အထူးအဆန်း။
မှောင်ရီခါနီးမို့ လမ်းပေါ်မှာ အုပ်စုလိုက်
ထိုင်ကာ ဆေးရူနေတဲ့ လူတစုရဲ့
အကြည့်စူးရှရှကလည်း လှိုင်းခက်ဆီက
မခွာနိုင် ။ခွေးတွေကလည်း အုပ်စုလိုက်
မာန်ဖီနေ​၏ ။

"Jakeဒီကောင်ကွာ ငါ့ကို ဘယ်လိုနေရာ
ကြီးနဲ့ မှားပို့လိုက်တာလဲ"

လှိုင်းခက် စိတ်ထဲ ကနေသာ
အခါခါ ကျိန်ဆဲနေမိတယ်။

__________________________________
"ဒီမှာကောင်လေး
မဆိုင်ရင်ဝင်မပါနဲ့ မင်းဝေးဝေးသွားနေ"

အသက်30 နီးပါး အရပ်ရှည်ရှည်
​လူကောင်ထွားထွားကောင်ကြီးက
သူဆုပ်ကိုင်ထားတဲ့ကောင်လေးရဲ့ 
အကျီကော်လံစကို ကိုလွှတ်ချလိုက်ပြီး၊
နွယ်စိမ်း အသံကြားတော့ သူ့ရဲ့
နောက်လိုက်သုံးယောက်လောက်နဲ့ အတူ
လှည့်ကြည့်လာတယ်။

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Donde viven las historias. Descúbrelo ahora