33

128 14 1
                                    

မနေ့က အကို အခန်းပြန်မလာခဲ့ပါ​။
ကျောင်းအုပ်ကြီးကလည်း နယ်ဘက်ကို
ညအိပ်ညနေ ခရီးသွားလိုက်သည်မို့
အကို့ပေါ် အလုပ်တွေ ပိကျနေသည်ထင်သည်။
အမြဲ ပြုံးရွှင်ရီမောနေတတ်တဲ့အကိုက
မနေ့က သူ့ရှေ့မှာ ဒေါသတွေ ထွက်ပြနေတော့
အရမ်း အံ့ဩမိသွားသည်။
အကိုက အရမ်းစိတ်ကြီးတာပါပဲလား။
သူတွေးနေရင်း အတန်းကို စိတ်မပါ
လက်မပါနဲ့သာ တတ်ခဲ့သည် ။
နေ့လည် ထမင်းစားချိန်လည်း အကို့မျက်နှာ
မမြင်ရသလို ညနေစောင်းတော့လည်း
အခန်းထဲ ပြန်မရောက်လာသေး။

အခန်းထဲစာအုပ်လေးတွေစီကာ
အခန်းသန့်ရှင်းရေးလုပ်နေတုန်း.....

"မိုးခါး မိုးခါး .."

အပြင်က ခေါ်သံကြောင့် သူ ရုတ်တရက်
ထကြည့်လိုက်သည်။

"အဆောင်ရှေ့မှာ ဒုဥက္ကဋ္ဌရောက်နေတယ်။
အရေးကြီးတယ်တဲ့ ။မင်းကိုခေါ်ပေးပါဆိုလို့"

မိုးခါး လည်း စိတ်ထင့်သွားပေမဲ့
အဝါရောင် အနွေးထည် တထည်ကောက်
ဝတ်ကာ အပြင်သို့ပြေးထွက်လာခဲ့သည်။

အဆောင်ရှေ့ရောက်တော့ ထည့်ဝါက
ပျာပျာယာယာနဲ့....

"လာ မိုးခါး လိုက်ခဲ့"
သူ့ကို အတင်းဆွဲခေါ်နေတော့"

"ဘာဖြစ်လို့လဲ အကို"

"နွယ်စိမ်းလေ Barမှာ ရန်ဖြစ်လို့ စိုးရိမ်ရတယ်"

"အကိုကလေ...."

"ဟုတ်တယ် လိုက်ခဲ့ ။သူက မင်းကို
တွေ့ချင်ဆိုပြီး ခေါ်ခိုင်းလိုက်တာ"

"ဟုတ်ဟုတ်"

မိုးခါးရင်တွေရော ခေါင်းတွေရော ပူထူကာ
ထည့်ဝါနောက် ဘာမှမတွေးတော့ပဲ
လိုက်လာခဲ့သည်။

မျက်ရည်လေးတွေကလည်း အလိုလိုကျလာကာ အကို အများကြီး ထိခိုက်သွားသလား
ဆိုပြီး အရမ်းစိုးရိမ်နေမိသည်။

"ညီလေး အရမ်းစိတ်မပူပါနဲ့။
သူ အဆင်ပြေမှာပါ"

"အကိုထည်ဝါ ရန်ဖြစ်တယ်ဆိုတော့
ဆေးရုံ မပို့ဘူးလား "

မိုးခါးက မျက်ရည်တွေ သုတ်ရင်းမေးတော့

"အဲ့Barက ကျောင်းသားတွေ ဝင်မရဘူး
ဆေးရုံသွားရင် အကြောင်းတွေ အကုန်
ပေါ်လာမှာပေါ့ ။အဲ့တာကြောင့်
ဆရာဝန်ခေါ်ပေးထားပါတယ်
စိတ်မပူပါနဲ့ ။ရော့ ဖျော်ရည်လေး
သောက်လိုက်ပါဦး ။မင်းဒီလို ကြီးဖြစ်နေရင်
သူ့ ဒဏ်ရာတွေ ပိုဆိုးကုန်မှာပေါ့ ။ရော့
သောက်လိုက်"

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Dove le storie prendono vita. Scoprilo ora