41

139 13 0
                                    

နွယ်စိမ်း ပြတိုက်ဆီသို့ ခြေလှမ်းတွေက လေးလံနေကာ စိတ်တခုလုံးလည်းထိုင်းမှိုင်းနေခဲ့
သည် ။ရုတ်တရက် အကျီ ထဲက ဖုန်းမြည်သံကြောင့် လက်ကို လျှိုသွင်းကာ
နိူက်လိုက်သည် ။
အမည်မသိ အဝင်ကော တစ်ခု။

"ကျစ်...."

နွယ်စိမ်း စုတ်တချက်သပ်ကာ
ကောက်ကိုင်လိုက်သည်။

"ဟယ်လို နွယ်စိမ်း နေရောကောင်းရဲ့လား"

ခနဲ့ချင်သလို ဘဝင်လေဟပ်နေသလို
ဆောင့်ကြွားကြွားလေသံကြောင့်
ဒါ ဘယ်သူမှန်းနွယ်စိမ်းတန်းသိခဲ့သည်။

"ဘာ ကိစ္စရှိလို့လဲ ထည်ဝါ ငါ့ကိုအပိုစကားတွေလာပြောမနေနဲ့"

"ဟ မင်းကလည်း မတွေ့ရတာတောင် သုံးလေးရက်ပဲရှိသေးတယ် ရင့်လှချည်လား"

"ဘာကိစ္စလဲ ။ထည်ဝါ မြန်မြန်ပြော
ငါ အားမနေဘူး"

"Wait...ဖြေးဖြေးပေါ့ ။နွယ်စိမ်းရဲ့
ငါက မင်းကောင်လေး မိုးခါးရေ အကြောင်း
ပြောပြမလို့ပါ"

မိုးခါးရေဆိုသော နာမည်ကြောင့်
သူ့ရင်ထဲ တလှပ်လှပ်ဖြစ်သွားခဲ့သည်။

"သူ....သူ ... ဘာဖြစ်လို့လဲ"

"သူလား ဘာမှတော့မဖြစ်သေးပါဘူး။
ဒါ...ပေ...မဲ့ ... ဘာမှလည်း ဆက်မဖြစ်ဖို့
တာဝန်က မင်းမှာရှိတယ်နော်....
မင်းနဲ့ ငါနဲ့ကြားက ကတိ ကို
မှတ်မိသေးတယ်မလား"

"အင်း ငါသိပါတယ်"

"သိရင်လည်း မင်း ငါတို့နဲ့ ခပ်ဝေးဝေးမှာ
သွားနေပါလား ။မင်းနားနီးလေ သူ့အတွက်
အန္တရာယ်ကြီးလေပဲနော် ။ပြီးတော့
အဲ့ကောင်လေးရဲ့ နာမည်ဆိုးကို ဖျက်ရတာ
ဆိုတော့ မင်းလည်းကြေးကြီးကြီးပေးမှရမှာ"

"မင်း ငါ့ကို ဘာထပ်တောင်းဆိုချင်သေးတာလဲ ထည်ဝါ ရှည်ရှည်ဝေးဝေးလုပ်မနေနဲ့"

"Okay လေ နွယ်စိမ်း
ဒဲ့ပဲ ပြောရတော့မှာပေါ့။
အခုကျောင်းအုပ်ကြီးက မင်းကို ပြန်ခေါ်
ချင်နေသေးတယ် ။အဲ့တာ မင်းဘက်က......"

"သိပြီ ငါ နားလည်တယ်။
ငါအေးအေးဆေးဆေးပဲ ထွက်သွားပေးမယ်"

"နွယ်စိမ်းရေ မင်းက လွယ်လှချည်လား။
အဲ့ကောင်လေးနာမည်ကြားတာနဲ့ အစွယ်
တထောင်ထောင်နဲ့ကျားကြီးက မခုတ်တတ်တဲ့ကြောင်ကလေးလ်ို ဖြစ်သွားတာပဲနော်"

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Opowieści tętniące życiem. Odkryj je teraz