3

421 41 0
                                    

" အညိုရေ အညို....."

ဒီနေ့ တိမ်ညို့ကို ကိုကိုလာခေါ်မယ်ဆ်ိုတာ
ကြောင့် မနက်ကတည်းက အထုပ်အပ်ိုး
ပြင်ပြီး အခန်းကိုပြန်ရှင်းနေတုန်း
မိုးဝေရဲ့ အသံကြားတော့
သူလှည့်ကြည့်လိုက်သည်။

" မင်းအကို နွယ်စိမ်းအိမ်ကတဲ့
မင်းကိုလာခေါ်တာအောက်မှာရောက်နေပြီ အန်တီက အမြန်ဆင်းလာခဲ့တဲ့"

"အေးအေး ကျေးဇူးပဲ မိုးဝေ
ငါ အထုပ်ယူပြီး ဆင်းလာခဲ့မယ်"

သူပြန်ဖြေပြီး အထုပ်ထဲမှာပစ္စည်းစုံမစုံ
ပြန်စစ်လိုက်သေးတယ် ။ပြီးတော့
စားပွဲခုံပေါ်က ဓာတ်ပုံမှန်ဘောင်နှစ်ခု။
တစ်ပုံက သူကြီးပြင်းခဲ့တဲ့ ဒီ ဂေဟာကြီး
မှာတခြားကလေးတွေနဲ့ မနှစ်က ရိုက်ထားတဲ့
ပုံ ၊နောက်တပုံက 5နှစ်အရွယ်သူနဲ့
13အရွယ်ကိုကိုရဲ့ပုံ ။မှန်ဘောင်နှစ်ခုလုံးကို
သတင်းစာနဲ့ ထုတ်ရင်း သူ့ရဲ့ လက်ဆွဲအိတ်ထဲ
ထည့်လိုက်ကာ အခန်းတွင်းသေချာ
လှည့်ပတ်ကြည့်ပြီး မှအောက်ဆင်းလာခဲ့သည်။

အောက်ရောက်တော့ တခြားကလေးတွေနဲ့
မိုးဝေက မျက်နှာမကောင်း။
​ဒီအသက်အရွယ်ထိ အတူတူနေခဲ့ပြီးမှ
အခုမှ ထွက်သွားတော့မယ်ဆိုတော့
အာလုံးက စိတ်မကောင်းကြ။

တိမ်ညိုကိုယ်တိုင်လည်း စိတ်မကောင်းပေမဲ့
သူ့ရဲ့ကျေးဇူးရှင် ကို
အနီးကပ် ပြုစုပေးချင်တာကြောင့်
ဒီမိဘမဲ့ဂေဟာလေးမှာပဲ ဆက်နေလို့မဖြစ်။

"မောင်တိမ်သားညို အထုပ်တွေ ဒါ အကုန်
ပဲလား ဦး ကားပေါ်တင်လိုက်တော့မယ်နော်"

"ဟုတ်ကဲ့ဗျ ကျွန်တော် ကူတင်ပေးပါ့မယ်"

အထုပ်တွေကားပေါ်တင်နေတုန်း

"သား ဟိုမှာ အနေအထိုင် ဂရုစိုက်နော်
မကြာခဏလည်း ဒီကိုလာလည်ပေါ့
သားလာလည်ရင် နွယ်စိမ်းကိုလည်း
ခေါ်ခဲ့နော် သူ့ကိုလည်းသတိရနေတယ်"

သူ့ကို ဒီအသက်အရွယ်ထိ ထိန်းကျောင်း
လာခဲ့တဲ့ဂေဟာမှူးအန်တီ
က မျက်ရည်လေးဝဲဝဲနဲ့ မှာတော့
တိမ်ညို စိတ်မကောင်း။
ထောက်ခံသည့်သဘောမျိုးနဲ့
​ခပ်ရွှင်ရွှင်ပြုံးကာ
ခေါင်းလေးတချက်ငြိမ့်ပြလိုက်သည်။
မိုးဝေရော တခြားကလေးတွေရောကလည်း
သူ့ကို မေ့မသွားဖို့ မကြာခဏလာလည်ဖို့
အထပ်ထပ်မှာကြတယ်။

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Donde viven las historias. Descúbrelo ahora