25

128 17 2
                                    

ကလေးတွေကိို မုန့်တွေဝေရင်း
ဆော့ရင်း ကစားရင်းနဲ့ လေးနာရီလောက်
အချိန်တွေ ကုန်သွားမှန်းမသိ ကုန်သွားသည်။

နေ့လည်ခင်းမှာ ပြတိုက်က ဦးလေးတွေကြီး
နဲ့ ချိန်းထားတာကြောင့်  တိမ်ညိုနဲ့ အန်တီတို့ကို နူတ်ဆက်ကာ အဖွဲ့နဲ့အထိ ညနေအထိ မနေတော့ပဲ စောပြန်မယ်အလုပ်....

"နွယ်စိမ်း ဘယ်သွားမလို့လဲ"

အနောက်ကို လှည့်ကြည့်လိုက်တော့
ပြေးလိုက်လာတဲ့ လှိုင်းခက်။

"ငါ ပြတိုက်ကိုလည်း ချိန်းထားသေးလို့
စောပြန်မလို့လေ"

"ပြတိုက်ကိုလား "

"အင်းဟုတ်တယ် ။မင်းပျင်းနေရင် လိုက်ခဲ့ပါလား ။ငါလည်းတယောက်တည်း ဖြစ်နေလို့"

"အဲ့ဆိုလည်း ငါ အမကို သွားပြောလိုက်ဦး
မယ် စောင့်ဦးနော်"

"ဒီမှာပဲ စောင့်နေမယ်"

ခဏနေတော့ ထီးလေး တချောင်း ယူကာ
ပြန်ပြေးဆင်းတာတဲ့ လှိုင်းခက်

" ထီးက ဘာလုပ်မလို့ယူလာတာလဲ
ပြတိုက်ပဲ သွားမှာကို"

နွယ်စိမ်းက ပြန်မေးတော့

"ပြတိုက်ပြီးရင် ပန်းခြံထဲ ပတ်ကြည့်လို့
ရအောင်လေ နေပူပူကြီး သွားရင်
ငါ့ အပူရှပ်မှာပေါ့"
"ကိုယ့်အတွက်ကိုယ် သိတတ်လိုက်တာမင်းကလည်းငါ ကားငှားလိုက်ဦးမယ်"

"အင်း"
လှိုင်းခက်ကို ပြန်ပြောလိုက်တော့
ပါးချိုင့်လေးတွေ ပေါ်လာတဲ့ အထိ ပြုံးပြကာ
ခေါင်းငြိမ့်ပြသည်။
ကားပေါ်ရောက်တော့
"မင်း ဒီကျောင်းကို လာရတော့
ဘယ်လို ခံစားရလဲ လှိုင်းခက်"

" ငါ ..ငါ့ ..အမေကို အရမ်းသတိရတယ်
ပြီးတော့ ဒီက ကလေးလေးတွေကို
သနားလည်း သနားတယ် အားလည်းကျတယ်"

"အားကျတယ် ...ဘာလို့လဲ..."

"ဒီက ကလေးတွေကို အုပ်ထိန်းတဲ့ ဂေဟာမှူး
က အမေတယောက်လို ဂရုစိုက်ပေးတာကို။
ပြီးတော့ သူတို့မှာ ဘာအပူအပင် ဘာအမုန်းတရားမှ မရှိဘူး ။အနည်းဆုံးတော့ သူတို့
ဘဝအေးချမ်းနေတယ်လေ "
လှိုင်းခက်ခေါင်းထဲ အတွေးများစွာ
ဝင်လာပြန်သည် ။ဘဝမှာ
အမုန်းတွေနဲ့ ရှေ့ဆက်နေရတဲ့ဘဝက
လွယ်မှမလွယ်တာ ။အမုန်းခံရတဲ့လူရော
မုန်းတဲ့ လူရော ထပ်ထူထပ်မျှ ခံစားနေရတာပဲ
သူ့ဘဝမှာ စည်းစိမ်ပြည့်စုံတယ်။
အရာရာ ပြည့်စုံနေတယ်ဆိုပေမဲ့ သူ့ဘဝ
ကလည်း အခွံကြီးသက်သက်လို။
အဖေက သူ့အပေါ် ချစ်သည် ။ဂရုစိုက်
သည် ထင်ရပေမဲ့ အဖေက သူ့ရဲ့
စိတ်ပိုင်းဆိုင်ရာ တခုလုံးကိုပုံသွင်းထားသည်။
ဒီလူကိုဆို ချစ်ရမယ် ။ဟိုလူကိုဆို မုန်းရမယ်။
မုန်းရင် ဘယ်လို ဆက်ဆံရမယ်ဆိုတာက
အစ ခေါင်းထဲ ငယ်ငယ်ထဲကရိုက်သွင်းခဲ့သည်။
အပြုအမူသေးသေးလေးတွေက
အစ အသေးစိတ် ဘယ်လို လုပ်ကိုင်ရမယ်
ဆက်ဆံရမယ် ဆိုတဲ့ အထိ ပင်။
လှိုင်းခက်အရွယ်ရောက်လာတော့စန္တယား တီးရတာကိုဝါသနာ ပါပေမဲ့ အဖေကတော့
ခါးခါးသီးသီးကျောင်းစာကို ပဲ အာရုံ
နှစ်စိုက်ခိုင်းကာစန္တယား တခါတီးလိုက်တာနဲ့
လက်ကို ရိုက်ချိုးပစ်မည်အထိခြိမ်းခြောက်ခဲ့
သည် ။လူတိုင်းနဲ့လည်း အပေါင်းအသင်းမ
လုပ်ရသည်မို့ သူငယ်ချင်းကလည်းရှားသည်။
ပြိုင်ဆိုင်လိုတဲ့လူတွေသာ တစ်ဆတစ်ဆ
ပေါ်လာပေမဲ့ သူငယ်ချင်းစစ်စစ်တွေတော့
သူ့ ဆီမှာ ထပ်မရှိခဲ့ ။ဒါတွေကလည်း
သူ မိုးခါး အပေါ် နှိပ်စက်မိလို့ ဝဠ်ပြန်လည်
တာလားလို့ ပင်တွေးမိသည် အထိ။
အဖေ့ကို မိုးခါးကို အိမ်ပေါ်ပြန်ခေါ်ထားကာ
ကျောင်း စရိတ် ထောက်ပေးဖို့ပြောတော့
တခါမှ လေသံမာမာတောင်မပြောဖူးတဲ့
အဖေက ကျွန်တော်ကိုသတိလစ်သွားသည်အထိ ထိုးကြိတ်ခဲ့သည် ။
မိုးခါး အမေက ကျွန်တော့ အမေကို သတ်ခဲ့
တာတောင် လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးတဲ့
ပျော့ညံ့နဲ့ကောင်ဆိုပြီး ဆဲဆိုခဲ့သည်။
ဒါကြောင့် ကျွန်တော်လည်း မိုးခါးအပေါ်
အဖေ့အလိုတိုင်း နည်းနည်းလေးတောင်
သက်ညှာမှု မပေးပဲ နာကြည်းချက်တွေသာ
ပေးခဲ့သည် ။သို့သော်လည်း ကျွန်တော်
ရင်ထဲမှာတော့ မပျော်နိုင်
အချိန်တိုင်း ပူလောင်နေ​၏။

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Onde histórias criam vida. Descubra agora