36

169 19 2
                                    

မနေ့က ဆေးရှိန်ကြောင့် ခေါင်းအနည်းငယ်
မူးဝေကာ ရင်ထဲလည်း မအီမလည်ကြီးဖြစ်
နေသည် ။ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ မရင်းနှီးတဲ့ ပတ်ဝန်းကျင်မို့
အကဲခတ်ကြည့်နေလိုက်သည်။

ဖြူသန့်နေတဲ့ အခန်းအပြင်အဆင်နဲ့
ပစ္စည်း ပစ္စယတွေလည်း များများစားစားမရှိ။
​ဝရံတာမှာ ၊စုတ်တံတွေ ၊ဆေးပုံးတွေ၊
အဝတ်စတွေ ဆေးစက်တွေကို မြင်လိုက်
ကတည်းက ဒါ နွယ်စိမ်းရဲ့ အခန်းဆိုတာ
သူသိလိုက်သည်။

"မိုးခါး နိုးလာပြီလား"

သူမျက်လုံးတွေကို လက်နှစ်ဖက်နဲ့ပွတ်သတ်
နေတုန်း တံခါးဖွင့်သံကြား၍ကြည့်လိုက်တော့
အခန်းထဲ မနက်စာဗန်း သယ်လာတဲ့
နွယ်စိမ်းက တံခါး ဖွင့်ဖွင့် ချင်းသူ့ကို
မြင်တော့ လှမ်းပြုံးပြလိုက်သည်။

"အကို"

"ခေါင်းကိုက်နေသေးလား မိုးခါး"

အကိုက ဆန်ပြုတ်ခွက်ကို စားပွဲပေါ်
တင်ကာ သူနဖူးလေးကို အသာကိုင်ရင်း
မျက်လုံးလေးတွေ မှိတ်သည်အထိ
ပြုံးပြလာသည် ။အကို့လက်တွေက
ရုတ်တရက် ကျွန်တော့်နဖူးကို လှမ်းထိ
လိုက်တော့ ခန္ဓာကိုယ်တစ်လျှောက်
အပူချိန်များလျက်ပြေးသွားသည်။
နှစ်လိုဖွယ်ကောင်းလိုက်တာ။
အကိုရယ် ။အကို့ရဲ့ နွေးထွေးတဲ့လက်တွေနဲ့
ကြင်နာတဲ့အပြုံးတွေက။

"မကိုက်တော့ပါဘူး အကို
ဒါပေမဲ့မနေ့က ကျွန်တော် ဘာဖြစ်သွားလဲ
ဘာမှမမှတ်မိနေဘူး"

မိုးခါးရဲ့ မေးခွန်းကြောင့် နွယ်စိမ်းလည်း
ဆေးတိုက်ရန် ပြင်ဆင်နေရာမှတချက်
တွန့်သွားကာ ....

"အာ...မနေ့က မင်းက လူအနံ့တွေ ၊
ဆေးလိပ်အနံ့တွေ ရူမိပြီး
တခါမှ အတွေ့အကြုံမရှိတော့ မူးလဲသွားတာပါဒါပါပဲ တခြား ဘာ ကိစ္စမှ တော့မဖြစ်လိုက်ပါဘူး"

"ဟုတ်လားအကို
ကျွန်တော့်စိတ်ထဲထင့်နေတာ တခုခုတော့
ဖြစ်နေပြီဆိုပြီး ။မဖြစ်တော့လည်းတော်သေးတာပေါ့"

"လာပါ ။အများကြီး မတွေးနဲ့
အစားစားပြီး ဆေးသောက်ရမယ်။
ထနိုင်ရဲ့လား"

A Flower From Faraway (အလှမ်းဝေးသောပန်းတစ်ပွင့်)Dove le storie prendono vita. Scoprilo ora